စင်ကာပူနိုင်ငံက ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်များ ပြေးဆွဲပျံသန်းမှုရပ်ဆိုင်းထားခြင်းကို ဖြေလျှော့ပေးခဲ့

စင်ကာပူ  စက်တင်ဘာ  ၆


စင်ကာပူမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့သည် ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်များ  နိုင်ငံအတွင်း ပြေးဆွဲပျံသန်းမှု ရပ်ဆိုင်းထားခြင်းကို ယနေ့မှ စတင်ကာ  ဖြေလျှော့ပေးခဲ့ကြောင်း  ယနေ့ သတင်း များအရ သိရသည်။


စင်ကာပူနိုင်ငံသည် အဆိုပါလေယာဉ်များနှင့် ပတ်သက်သည့်  လူသေစေနိုင်လောက်သော ဖြစ်ရပ် နှစ်ခု    ဖြစ်ပွားခဲ့ပြီးနောက်    ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များ  နိုင်ငံအတွင်း  ပြေးဆွဲပျံသန်းမှုကို ၂၀၁၉ ခုနှစ် မတ်လအတွင်းက ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။


၂၀၁၉ ခုနှစ် မတ်လအတွင်းက အီသီယိုးပီးယား လေကြောင်းလိုင်းမှ  ဘိုးရင်း ၇၃၇ မက်စ်လေယာဉ် တစ်စင်းပျက်ကျမှုတွင် လူပေါင်း ၁၅၇ ဦး သေဆုံး ခဲ့သည်။  ထို့ပြင် ၂၀၁၈ ခုနှစ်   အောက်တိုဘာ လအတွင်းက   အင်ဒိုနီးရှားနိုင်ငံ၌  ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်တစ်စင်း   ပျက်ကျခဲ့ရာ  လူပေါင်း ၁၈၉ ဦး သေဆုံးခဲ့သည်။
လက်ရှိတွင်    နည်းပညာအကဲဖြတ်မှုများ ဆောင်ရွက်ပြီးနောက်  စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က  ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်များ နှင့်စပ်လျဉ်း၍  ချမှတ်ထားသည့်  ကန့်သတ်ချက် များကို  ဖြေလျှော့ပေးရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအာဏာပိုင်အဖွဲ့က  ယနေ့တွင်  ပြောကြား သည်။ 


ကိုးကား- စီအင်န်အေ
ဘာသာပြန်- အလင်းသစ်