
ဂျကာတာ စက်တင်ဘာ ၆
အင်ဒိုနီးရှားနိုင်ငံ၌ စက်တင် ဘာ ၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၄၁၃ ဦး ရှိလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၄၁၃၃၄၃၃ ဦးအထိ ရှိလာခဲ့သည်။
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၆၁၂ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ၁၃၆၄၇၃ ဦးအထိ ရှိလာခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြသည်။
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ရန် ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများသည် အင်ဒို နီးရှားနိုင်ငံသားများ အားလုံး အတွက် အခမဲ့ဖြစ်သည်။
စက်တင်ဘာ ၆ ရက်အထိ လူပေါင်းအနည်းဆုံး ၃၈ ဒသမ ၄၇ သန်း ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ် ကြောင်း သိရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီး သူပေါင်း ၆၇ ဒသမ ၁၅ သန်းရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ကြေညာ လိုက်သည်။ အင်ဒိုနီးရှား အစိုးရ သည် အမျိုးသားကာကွယ်ဆေး ထိုးလိုအပ်ချက်ကို ပြည့်မီရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကို ပိုမိုရရှိနိုင်ရေး ဆက်လက် ကြိုးစား ဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ