
ဒမတ်စကတ် စက်တင်ဘာ ၂
လက်နက်ကိုင်သူပုန်များ ဆီးရီးယား အာဏာပိုင်များထံ လက်နက်ချအညံ့ခံ ပြီးနောက် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဒါရာပြည်နယ်တွင် ဖြစ်ပေါ်နေသော တင်းမာမှုများကို လျော့နည်းစေရန် သဘောတူညီမှုတစ်ခု စက်တင်ဘာ ၁ ရက်က စတင်သက်ဝင်ခဲ့ကြောင်း နိုင်ငံပိုင် ဆာနားသတင်းအေဂျင်စီနှင့် စစ်စောင့်ကြည့်အဖွဲ့က ပြောခဲ့သည်။
ဒါရာအယ်လ်ဘာလက် ဒေသမှ လက်နက်ကိုင်အတော်များများ ဆီးရီး ယား အာဏာပိုင်များနှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် အဆိုပါပြည်နယ်တွင် လအတန်ကြာ ဖြစ်ပွားနေသော တင်းမာမှုများကို အဆုံးသတ်ရန် ရုရှားကြားဝင်စေ့စပ်မှုသဘောတူညီချက်သစ်၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ၎င်းတို့၏ လက်နက် များကို လွှဲပြောင်းပေးအပ်ခဲ့သည်။
လက်နက်ကိုင်အဖွဲ့များ၏ လက်နက် များ လွှဲပြောင်းပေးအပ်ပွဲကို အယ်လ် အာဘာအင်းတွင် ပြုလုပ်ခဲ့သည်။ လက်နက်များ လွှဲပြောင်းပေးအပ်ခြင်း သည် ဆီးရီးယားစစ်တပ်ကို နယ်မြေ ပြန်လည်စိုးမိုးစေရန်အတွက် လမ်းခင်း ပေးလိုက်သကဲ့သို့ဖြစ်သည်။
သဘောတူညီချက်သစ်ကို အကောင် အထည်ဖော်ရန် ရုရှားတပ်ဖွဲ့ဝင်များကို ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဒါရာသို့ စတင်ဝင်ရောက်လာခြင်းမှ အစပြုကာ ရုရှားကြားဝင်စေ့စပ်မှု သဘောတူညီချက်သစ်သည် စက်တင် ဘာ ၁ ရက်က စတင်အသက်ဝင်ခဲ့ ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယား အတိုက်အခံအုပ်စုက ပြောကြားသည်။
ဆင်ဟွာ