အမေရိကန်နိုင်ငံ၌ သြဂုတ်လအတွင်း ပြည်သူ ၁၄ သန်းအား ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေး

ဝါရှင်တန်  စက်တင်ဘာ  ၁ 


အမေရိကန်နိုင်ငံ၌ သြဂုတ်လအတွင်း ပြည်သူ ၁၄ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးထိုးနှံမှု ခံယူသူအရေအတွက်သည်  ဇူလိုင်လအတွင်း ကထက် လေးသန်းပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက ယမန်နေ့တွင် ပြောသည်။ 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကာကွယ် ဆေးများ ထိုးနှံမှုခံယူရန်  ပြည်သူများအား အမေရိကန်အစိုးရက တိုက်တွန်းလျက်ရှိသည်။ 
အမေရိကန်နိုင်ငံတစ်ဝန်း၌   နေ့စဉ်  ဗိုင်းရပ်စ်ကူးစက်ခံရသူ   အရေအတွက်သည် ဇွန်လနှောင်းပိုင်းတွင် ၁၂၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိ အချိန်တွင် ၁၃၀၀၀၀ ဝန်းကျင်ရှိသည်။  ထို့ပြင်  ဒယ်လ်တာဗိုင်းရပ်စ်ကူးစက်မှုများလည်း မြင့်တက်လျက်ရှိသည်။ 


ပြောကြား


ထို့ပြင် ယခုရက်သတ္တပတ်အတွင်း နေ့စဉ်သေဆုံးမှုအရေအတွက် ၉၀၀ နီးပါးရှိကြောင်းနှင့် အဆိုပါသေဆုံးမှုအရေအတွက်သည် ယခင် ရက်သတ္တပတ်ကထက် ပိုမိုများပြားလာကြောင်း အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာမှ   ဒါရိုက်တာ   ဒေါက်တာရိုချီလ် ဝယ်လန်စကီက  သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင်  ပြောကြားသည်။

 
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ပထမ အကြိမ်ထိုးနှံမှုခံယူပြီးသူ ၂၀၅ သန်းရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးသူ  ၁၇၄ သန်းရှိသည်။ 


ကိုးကား -  စီအင်န်အေ
ဘာသာပြန် -  အောင်ကျော်ကျော်