
နေပြည်တော် စက်တင်ဘာ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာအုပ်စု ကွင်းအမှတ် ၁၂၇၀၊ တောင်သူဦးမောင်သင်၏ ပေါင်းစည်းလယ်ယာလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစဉ် ဒေသခံတောင်သူ များက ပေါင်းစည်းလယ်ယာလုပ်ငန်း နေရာတွင် ထရန်စဖော်မာ တပ်ဆင်နိုင်ရေးကိုလည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင် ရေးအတွက် ဆည်မြောင်းရေရရှိရေးတို့ကို တင်ပြ ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နှာခေါင်းစည်း (Mask) ၅၀၀ နှင့် Hand Gel ၁၂ ဘူး ကို ထောက်ပံ့ပေးအပ်ကာ ပေါင်းစည်းလယ်ယာဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့အဝင် ညောင်လွန့် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး နှာခေါင်းစည်း ၅၀၀ နှင့် Hand Gel ၁၂ ဘူးကိုလည်းကောင်း ၊ တပ်ကုန်းခုတင် (၁၀၀) ပြည်သူ့ဆေးရုံ၌ ထောက်ပံ့ငွေကျပ် ငါးသိန်း၊ Oxygen အိုး (40 Liter) ၁၀ လုံး၊ MEDICAL REGULATOR ၁၀ ခု၊ နှာခေါင်းစည်း (Mask) နှင့် Hand Gel တို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် ဆန် ငါးအိတ်၊ ဆီ ငါးပုံး၊ ဆား ၁၀ ပိဿာ၊ ကြက်ဥကတ် ၂၀၊ ကြက်သွန်ပိဿာ ၂၀ နှင့် ဝတ္ထုငွေကျပ် ငါးသောင်းတို့ကို ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးသည့် လုပ်ငန်း များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များအား ထောက်ပံ့ငွေကျပ် သုံးသိန်း၊ နှာခေါင်းစည်း (Mask) ၅၀၀၊ Hand Gel ၁၂ဘူး၊ Hand Gel Refill (5 Liter) ငါးဘူးကိုလည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့ဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် ငါးသိန်း၊ နှာခေါင်းစည်း (Mask) ၅၀၀၊ Hand Gel ဘူးသေး ၁၂ ဘူးကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ကိုဗစ်လူနာများအတွက် လူတစ်ဦးလျှင် ဆန်တစ်ပြည် နှုန်းဖြင့် ဆန် ၃၈ အိတ်ကို ထောက်ပံ့ပေးအပ် သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့မွေးမြူရေးဇုန်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ပြီး မွေးမြူရေးဇုန်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကာ နှာခေါင်းစည်း (Mask) ၅၀၀၊ Hand Gel ဘူးသေး ၁၂ ဘူး ထောက်ပံ့ပေးအပ်သည်။
မြို့နယ် (ပြန်/ဆက်)