
ပြီးခဲ့သည့်ကာလအတွင်း ဆေးဝါးများ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စစ်ဆေးကြပ်မတ်ခြင်းများ စနစ်တကျဆောင်ရွက်ခဲ့၍ ဆေးဝါးများ၏ ဈေးနှုန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာသည် စေတနာထားပြီး လှူဒါန်းလိုသည့်စိတ်၊ ပေးကမ်းလိုသည့် အခြေခံစိတ်များ ရှိပြီးဖြစ်သဖြင့် ၎င်းစိတ်ကို အခြေခံ၍ ဆောင်ရွက်မှုများသည် သဟဇာတဖြစ်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတစ်ခုတည်းမဟုတ်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စားသောက်ရေးနှင့် ကာကွယ် ကုသဆေးများနှင့်ပတ်သက်၍ ဝိသမလောဘများဖြစ်ပေါ်မှုမရှိအောင် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၈-၂၀၂၁ ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)