
ဦးအောင်စိုး
ဧရာ၀တီတိုင်းဒေသကြီး
ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ
ဩဂုတ်လ ၅ ရက်နေ့က ဆံသဆိုင်မှာ ဆံပင်သွားညှပ်ပြီးတော့ အိမ်ပြန်လာပြီး နံနက် ၁၁ နာရီခွဲလောက်မှာ ရေချိုးပါ တယ်။ ရေချိုးပြီး တစ်မျိုးဖြစ်လာတာနဲ့ ဘိုင်အိုဂျက်စစ် သောက်လိုက်တယ်။ ဆေးအရှိန်နဲ့ဆိုတော့ ဘာမှမဖြစ်သေး ဘူးပေါ့။ ညနေ ၄ နာရီလောက်မှာ မျက်လုံးတွေစပူလာပြီး ညပိုင်းကျတော့
စဖျားတော့တာပါ။ ၃ ရက်လောက် အစာ စားလို့မရဘူး။ ငါးရက်မြောက်မှာပဲ ညီဝမ်းကွဲဆရာဝန်က လာရောက်စမ်းသပ် ကြည့်ပြီး သိပ်မသင်္ကာဘူးပေါ့။ ငါးရက်နဲ့ ခြောက်ရက်မြောက် နှစ်ရက်လောက်မှာ အလွန်မောလာပြီး ခုနစ်ရက်မြောက် ညနေဘက်မှာပဲ ညီဝမ်းကွဲဆရာဝန်က ရန်ကုန်ကို သွားခိုင်းတာနဲ့ ဒီလ ၁၃ ရက် မှာ ရန်ကုန်ကို တက်လာပြီး ဆေးစစ်တော့ Positive ဖြစ်နေတာနဲ့ ဆရာဝန်ကို ပြောပြီး အိမ်မှာသုံးရက်လောက် နေပါရ စေဦးဆိုပြီး မြေနီကုန်းက ဓမ္မာရုံလမ်းက ကျွန်တော့်အမေအိမ်မှာ ဒီလ ၁၃ ရက် ကနေ ၁၅ ရက်အထိ နေခဲ့ပါသေးတယ်။ ဆီးချိုတိုင်းတာကလည်း ၄၀၀ ကျော် ၅၀၀ ဖြစ်၊ ချွေးစီးတွေကလည်းထွက် ကတုန်ကယင်တွေဖြစ်တာနဲ့ ၁၆ ရက်နေ့ လည်းကျရော ရန်ကုန်ဆေးရုံသစ် (ဂျပန် ဆေးရုံ) တက်ပြီး ဆေးကုသမှုခံယူခဲ့ပါ တယ်။ ဆေးရုံမှာပိုးသတ်ဆေးနဲ့ လိုအပ် တဲ့ အခြားထိုးဆေးတွေကို နေ့စဉ် နံနက် တိုင်း ပုံမှန်ထိုးနှံပေးပါတယ်။ ဆီးချိုက ၅၀၀ ကျော်ဖြစ်နေလို့ ဆေးရုံက တစ်နေ့ ကို လေးကြိမ်လောက် အင်ဆူလင် ထိုးဆေး ထိုးနှံပေးပါတယ်။ နှစ်ရက် လောက်ပဲ အောက်ဆီဂျင် ရှူလိုက်ရပြီး နောက်တော့ အောက်ဆီဂျင်ကျခြင်း မဖြစ်တော့ဘူး။ ဒါလည်း ကိုယ့်ဘာသာ ကြိုးစားယူမှရမယ်ဆိုပြီး ပေတစ်ရာ ကျော်လောက်ရှိတဲ့ လူသွားစင်္ကြံမှာ အောက်ဆီဂျင် မှန်မှန်ရှူပြီး မနက် ၁၀ ခေါက်၊ နေ့လယ် ၁၀ ခေါက်၊ ညနေ ၁၀ ခေါက် လမ်းလျှောက်ပေးပါတယ်။ သုံးရက် လောက်လည်းကျရော အောက်ဆီဂျင် လုံး၀မရှူရတော့ဘဲ သက်သာလာပြီးအောက်ဆီဂျင်တိုင်းလိုက်ရင်လည်း ၉၆၊ ၉၇၊ ၉၈ မှာပဲ ရှိပါတော့တယ်။ ဒါနဲ့ သက်သာလာတာကြောင့် ဆေးရုံက ၇ ရက်မြောက်အထိ ဆေးထိုးနှံပေးပြီး ၈ ရက်မြောက်မှာတော့ ဆေးမထိုးနှံရ တော့ဘဲ ၉ ရက်မြောက် နေ့လယ်ပိုင်း ဖြစ်တဲ့ ဒီလ ၂၄ ရက်မှာတော့ ဆေးရုံ ဆင်းရပါတယ်။ အဓိကတော့ ပြည်သူ တစ်ယောက်အနေနဲ့ ပြည်သူတွေကို အသိပေးချင်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ကြပါ။ ကျန်းမာ ရေးအတွက် လမ်းညွှန်ထားတဲ့အချက် တွေကိုလည်း လိုက်နာကြပါလို့ သတိ ပေးစကား ဆိုချင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော် ဆေးရုံစတက် တုန်းက စားမှမစားချင်တာလေ။ အစာ မစားလို့ရှိရင် မဖြစ်တော့ဘူးဆိုပြီး ရောဂါကို အကြာကြီးခံစားရမှာစိုးတာနဲ့ အစာကို ကြိတ်မှိတ်စားတယ်၊ နောက်ပြီး လေ့ကျင့်ခန်း လုပ်တယ်၊ ဆရာဝန်တွေ မှာကြားချက်အတိုင်း နေထိုင်တယ်။ ဒါကြောင့်မို့လည်း သုံးရက်လောက်ကြာ ပြီးနောက်ပိုင်းမှာ သက်သာသွားခဲ့တာ လည်းဖြစ်ပါတယ်။ ကာကွယ်ဆေးထိုး လို့ရမယ့် အချိန်ကျရင်တော့ ထိုးနှံမှာ ဖြစ်ပါတယ်။
ဦးဇော်လင်း
ပန်းဘဲတန်းမြို့နယ်
ကျန်းမာရေးမှူးအဆင့်(၁)
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး အနံ့ ပျောက်တာမို့ အဲဒီနေ့မှာပဲ ဒေသန္တရမှာ RTD နဲ့ စစ်တဲ့အခါမှာ Positive တွေ့ပါ တယ်။ ဒါနဲ့ MCC Covid ကုသရေးစင်တာ မှာ ၁၁ ရက်အကြာ ဆေးကုသမှုခံယူခဲ့ပြီး ရောဂါသက်သာပျောက်ကင်းခဲ့ပါတယ်။ ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ ကျွန်တော်က ကိုဗစ်ကာကွယ်ဆေး Covishield ကို ဇန်နဝါရီလက ပထမ အကြိမ်၊ မတ်လက ဒုတိယအကြိမ်နဲ့ နှစ်ကြိမ် ထိုးနှံပြီးထားပါပြီ။
ဆီးချိုနဲ့သွေးတိုးရောဂါ အခံရှိပေ မယ့်လည်း အခုဖြစ်တာမှာလည်း အနံ့ ပျောက်တာကလွဲလို့ ဖျားနာတာလည်း မခံစားရသလို အောက်ဆီဂျင်ကျခြင်း လည်းမရှိပါဘူး။ သာမန်အဆင့်လို့ပဲ ဆိုရမှာပေါ့။ ဖျားနာခြင်းမရှိတာ ကြောင့်လည်း ဆေးရုံမှာ စီဗစ်ပဲ သောက်ရ ပါတယ်၊ အဲဒီတော့ ဆေးကုသမှုခံယူနေတဲ့ ၁၀ ရက်အတွင်းမှာလည်း အားဖြစ်စေ မယ့် ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီး၊ အိုဗာ တင်းနဲ့ ငှက်သိုက်တို့ကို စားသုံးပါတယ်။ ဆေးရုံတက်နေတဲ့ ၁၁ ရက်ကာလအတွင်း မှာလည်း ကာကွယ်ရေးအပိုင်းအနေနဲ့ အိပ်ချိန်ကလွဲလို့ ကျန်ရှိအချိန်တွေကို Mask တပ်ဆင်ထားပါတယ်။ နောက် တစ်ချက်က လက်ဆေးတယ်။ ရောဂါ ဖြစ်နေပါလားဆိုတဲ့ စိတ်အာရုံကို မမြှုပ် ထားတော့ဘဲ ဒီရောဂါသည် သာမန်အဆင့် လောက်ပဲ ဖြစ်မယ်ဆိုတာသိတဲ့အတွက် ကြောင့် သာသာယာယာနဲ့ပဲ နေထိုင်ခဲ့ ပါတယ်။ ကာကွယ်ဆေးထိုးနှံထားတာ ကို ယုံကြည်ချက်ရှိတယ်။ ကာကွယ်ဆေး ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းချင်ပါ တယ်။ ကိုယ်တွေ့ကြုံခဲ့တာဆိုတော့ ကျွန်တော့်အနေနဲ့ ထိုးနှံသင့်တယ်လို့ လည်း ယူဆတယ်။ ရောဂါအခံတွေရှိလို့ ရှိရင် တော်တော်များများက Positive ဖြစ်တဲ့ အခါမှာ အောက်ဆီဂျင်ကျကြတာ များတယ်လေ။ ကျွန်တော်ဆိုရင် ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားတာကြောင့် ဘာမှ ဝေဒနာမခံစားလိုက်ရဘဲ အနံ့ ပျောက်တာ တောင်ငါးရက်လောက်ပဲ ခံစားလိုက်ရပြီး ခြောက်ရက်မြောက်နေ့ မှာပဲ အနံ့နည်းနည်း စပြန်ရလာတယ်။ ၁၁ ရက် မြောက်ကျတော့ အနံ့ကောင်း ကောင်းရသွားပြီဆိုတော့ ဆေးရုံက ဆင်း လိုက် ရတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့ ဟာကို အပြင်းအထန်လုံးဝမခံစားခဲ့ရဘူး။ သာမန် ပုံစံနဲ့ပဲ ပျောက်ကင်းသွားခဲ့ပါတယ်။ ကာကွယ်ဆေးထိုးတဲ့ အကျိုးကျေးဇူးက အခုနပြောသလို ကူးစက်မှုလည်း နည်း မယ်။ ရောဂါရဲ့ သက်ရောက်မှုခံစားရတာ လည်း နည်းတယ်၊ ခုခံစွမ်းအားကောင်း အောင်နေမယ်၊ အိပ်ရေးဝအောင်အိပ်မယ် ဆိုလို့ရှိရင်တော့ ကိုဗစ်ကိုတွန်းလှန်နိုင် လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
တွေ့ဆုံမေးမြန်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်ဦးဇော်လင်း