အမေရိကန်နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

ဝါရှင်တန်   ဩဂုတ်   ၂၄


အမေရိကန်နိုင်ငံအတွင်း လက်ရှိအချိန်၌ ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ  မြင့်တက်လာ သဖြင့်    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု  မခံယူရသေးသော        အမေရိကန်နိုင်ငံသားများ အား ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် အမေရိကန် သမ္မတ  ဂျိုးဘိုင်ဒင်က  ယမန်နေ့တွင်  ပြောကြား သည်။ 
Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ သုံးစွဲရန် ထောက်ခံချက်ပေးခဲ့ပြီးနောက် ယခု ဂျိုးဘိုင်ဒင်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ် သည်။ 


ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ထိုးနှံရန် အချိန်ကျရောက်နေပြီဖြစ်သဖြင့်  ယနေ့မှစတင်၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် ပြည်သူများအား ၎င်းက တိုက်တွန်းသည်။ 


အမေရိကန်တပ်မတော်ရှိ တပ်ဖွဲ့ဝင်အားလုံးအား  အမေရိကန်   အစားအသောက်နှင့် ဆေးဝါးဌာနမှ ထောက်ခံချက်ပေးထားသော  Pfizer  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို       ထိုးနှံပေးသွားရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက် သွားမည်ဖြစ်ကြောင်း     ပင်တဂွန်စစ်ဌာနချုပ်မှ သတင်းထုတ်ပြန်ရေးတာဝန်ခံ       ဂျွန်ကာဘီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။


ပြီးခဲ့သော  သီတင်းပတ်များအတွင်းက  နိုင်ငံ အတွင်းရှိ အလုပ်သမားများ၊ ကျန်းမာရေးဝန်ထမ်း များ၊  တပ်မတော်သားများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူရမည်ဖြစ်ကြောင်း  အမေရိကန်အစိုးရက စည်းမျဉ်းချမှတ်ခဲ့သည်။ နိုင်ငံ အတွင်းရှိ လူဦးရေ၏  ၅၁ ဒသမ ၅ ရာခိုင်နှုန်းမှာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးနှံမှု ခံယူပြီးစီးကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ