ဂရိနိုင်ငံ၌  ထိခိုက်လွယ်သည့် အုပ်စုကို ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးမည် 


 

 

အေသင်  ဩဂုတ် ၂၄


စက်တင်ဘာလအစောပိုင်းမှစတင်ကာ ဂရိနိုင်ငံတွင် ထိခိုက်လွယ်သည့်   ပြည်သူများကို   ကိုဗစ်-၁၉ ကာကွယ်ဆေး  ထပ်ထိုးပေးမည်ဟု အာဏာပိုင်များ က ဩဂုတ်  ၂၃ ရက်တွင် ပြောသည်။ 
ကိုယ်အင်္ဂါအစိတ်အပိုင်း    လဲလှယ်ထားသူများ၊ ကင်ဆာရောဂါသည်များကိုလည်း         ကိုဗစ်-၁၉ ကာကွယ်ဆေး     တတိယအကြိမ်ထိုးပေးမည်ဟု သိရသည်။ 
ကာကွယ်ဆေးအပြည့်ထိုးပြီးနောက် အချိန်ကြာ လာသည့်အခါ ကာကွယ်ဆေး၏  အကျိုးသက်ရောက် မှုများမှာ လျော့ကျလာသည့်အတွက် နောက်တစ် ကြိမ် ထပ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ထိခိုက်လွယ်သည့်ပြည်သူများကို  ကိုဗစ်-၁၉ မှ  အကာအကွယ်ပေးနိုင်မည်ဟု  အမျိုးသားကာကွယ် ဆေး ကော်မတီဥက္ကဋ္ဌ   မာရီယာ သီအိုဒိုရီဒိုက   ပြော သည်။ 
ဂရိနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် ထိုးပြီးသူ ၅ ဒသမ ၆ သန်းကျော်ရှိပြီး ယင်းအရေ အတွက်မှာ နိုင်ငံလူဦးရေ၏ ၅၃ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။ ဂရိနိုင်ငံ၌   ဩဂုတ် ၂၃ ရက်တွင် ကိုဗစ်- ၁၉ ကူးစက်ခံရသူ  ၂၆၂၈ ဦးရှိပြီး သေဆုံးသူ ၃၄ ဦး ရှိသည်ဟု     အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက ပြောသည်။ 
နိုင်ငံတစ်ဝန်းရှိ   ဆေးရုံများတွင်   အသက်ရှူ အထောက်အကူပြုကိရိယာ တပ်ဆင်ထားရသည့် လူနာ အရေအတွက်မှာ ၃၁၉ ဦးရှိသည်။ 
လွန်ခဲ့သည့် နှစ်ပတ်အတွင်း  အထူးကြပ်မတ် ကုသဆောင်အတွင်း ကုသမှုခံယူနေသူ ၃၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ 
ဆင်ဟွာ