
နေပြည်တော် ဩဂုတ် ၂၄
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိရာ ဩဂုတ် ၂၄ ရက် ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ ၃၃ ခုမှ Actemra/Tocilizumab ၅၀၊ Amcet Tablet ၂၀၀၀၀၊ Emboxin Injection ၂၅၀၀၀၊ M-Noxa Injection ၂၆၀၀၀၊ Tenoxa Injection ၁၅၀၀၀၊ Remdesivir For Injection ၈၀၀၀၊ Flow meter ၁၀၀၊ Nasal Cannula ၃၁၀၊ Oximeter ၂၅၆၈ ခု၊ Oxygen Analyzer တစ်ခု၊ Oxygen Concentrator ၁၁၄၁ ခု၊ Oxygen Mask ၃၁၀ ၊ Oxygen Regulator ၂၀၊ Portable X-Ray Machine သုံးခု၊ Oxygen Concentrator Spare parts ၈၀၁ ခု ၊ ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Regulator ၂၅၀၊ Oxygen Cylinder ၁၄၉ ခု၊ Oxygen Concentrator ၁၇ ခု၊ Face Mask ၄၁၂၀၀၀၀ ၊ Nasal Cannula ၁၅၀၀၀၊ Oxygen Mask ၅၀၀၀၀၊ Anesthesia Machine တစ်ခု၊ Oxygen Plant နှစ်ခု၊ ဆေးဝါးမျိုးစုံ ၃၄ မျိုး ၁၃၂၁၅၂ ဒသမ ၃၀၄Kg ၊ နယ်စပ် (ကန်ပိုက်တီး၊ ချင်းရွှေ ဟော်၊ မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ မြဝတီ ) တွင် ကုမ္ပဏီ ၂၄ ခုမှ ၊Oxygen Cylinder ၇၂၃၂ ခု၊ Oxygen Concentrator ၁၄၈ ခု၊ Mask ၅၄၃၇ ခု၊ Liquid Oxygen ၁၅၀၀၀ m3၊ Flow meter ၂၁၃၀၀၊ PPE ၃၃၄၀ ၊ Oxygen Plant လေးခု၊ Disposable Cap ၆၂၅၅ Kg ၊ Oximeter ၁၄၀၀ ၊ Shoe Cover ၈၈၀၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်