ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဆက်လက်လက်ခံလျက်ရှိ


 

နေပြည်တော်    ဩဂုတ်    ၂၃


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့ရှိ မြန်မာ-ထိုင်း  အမှတ်  (၂)   ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၅ဦး၊ အမျိုးသမီး ၈၂ ဦး  စုစုပေါင်း ၁၉၇ ဦးတို့ကို လက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ သူများ၊  တပ်မတော်  ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quaran-tine   ဝင်ရောက်ရမည့်   အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာ ရေးဝန်ကြီးဌာန၏        လမ်းညွှန်ချက်များကို  ရှင်းလင်းပြောကြားခြင်းတို့ကို    စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီး မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက   လိုအပ်သည်များ   ကူညီဆောင်ရွက် ပေးကြသည်။                           သတင်းစဉ်