သုဝဏ္ဏဘူမိ Event Park ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး  စင်တာဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး


 

 

နေပြည်တော်   ဩဂုတ်    ၂၃


ကိုဗစ်-၁၉    ရောဂါ    ကူးစက် ပြန့်ပွားမှုကို          ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိပြီး ကာကွယ် ဆေး ထိုးနှံပေးခြင်းများကို နိုင်ငံ အဝန်း၌ သက်ဆိုင်ရာ တာဝန်ရှိ သူများက ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊  တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်း များတွင်    တစ်ဖက်တစ်လမ်းမှ အထောက်အကူ       ဖြစ်စေရန် အတွက် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event  Park   ရှိ    မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများအသင်း ချုပ် (MCCOC) ၌ ကျန်းမာရေး ဝန်ကြီးဌာန၏    ခွင့်ပြုချက်နှင့် တိုင်းဒေသကြီး        ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်ရေးနှင့်  အရေး ပေါ်      တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ  ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံရေး စင်တာ ပြင်ဆင်ဆောင်ရွက်လျက် ရှိပြီး        ထိုသို့ဆောင်ရွက်လျက် ရှိနေမှုများကို ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး    ဝန်ကြီးများ၊   တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ   စင်တာတွင်  လူမျိုး ဘာသာမရွေး မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်ဖြင့်     ထိုးနှံရန်အတွက် အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ကာကွယ်ဆေး ထိုးနှံပေးမည်        ဖြစ်ကြောင်း သတင်းရရှိသည်။       
သတင်းစဉ်