
နေပြည်တော် ဩဂုတ် ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီ ဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များ ပြတ်လပ်မှုမရှိစေဘဲ အမြန် ဆုံး ဝင်ရောက်နိုင်ရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်း ခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ်ပိတ်ရက် အဖြစ် သတ်မှတ်ကြေညာထား သည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက် အတွင်း၌လည်း အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထား သည့် SOP များနှင့်အညီ လွယ်ကူ မြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
တင်သွင်း
ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ထီးခီး ကုန်သွယ်ရေးစခန်း လေးခုတို့မှ တင်သွင်းရာတွင် ကုမ္ပဏီ ၁၆ ခုမှ ယာဉ်စီးရေ ၃၀ ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် လေးစီး ဖြင့် ၇၈ တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ခုနစ်တန်၊ အောက်ဆီဂျင်(အရည်) Storage Container နှင့် Distributor တစ်ခု စီ၊ အောက်ဆီဂျင်(အိုးခွံ) ၄၉၆၄ ခု၊ အောက်ဆီဂျင် Plant နှစ်ခု၊ အောက်ဆီဂျင်ဖြည့်စက် တစ်ခု၊ အိမ်သုံး Oxygen Concentrator ၅၉၇ ခု၊ တစ်ကိုယ်ရေသုံးကာကွယ် ရေးဝတ်စုံနှင့် နှာခေါင်းစည်းများ တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowserယာဉ်လေးစီးမှာ ရန်ကုန်မြို့သို့ သုံးစီးနှင့် မော်လမြိုင် မြို့သို့ တစ်စီးဖြစ်ပြီး အောက်ဆီ ဂျင် Plant နှစ်ခုမှာ မန္တလေးမြို့ နှင့် လားရှိုးမြို့သို့ တစ်စီးစီ ဖြစ်ကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာ တာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင် ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံများကိုလည်း ဝန်ကြီး ဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။
သတင်းစဉ်
n