ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း MYNFREL အဖွဲ့အား လက်ခံတွေ့ဆုံ

Image not available



နေပြည်တော် ဖေဖော်ဝါရီ ၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Myanmar Network Organization for Free and Fair Elections (MYNFREL)အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံသော၊ ပြည်သူ့ ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေမည့် စံပြရွေးကောက်ပွဲ အဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူလူထုအသိပညာပေးခြင်းနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် MYNFREL အဖွဲ့က ဆောင်ရွက်မည့်မဲဆန္ဒရှင်အသိပညာပေးခြင်းဆိုင်ရာ သင်တန်းနှင့်ဆင့်ပွားသင်တန်းများ ပို့ချသွားမည့်အစီအစဉ်၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိစေရေးအတွက် မဲစာရင်းကြည့်ရှုရန် လှုံ့ဆော်မှုဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်