ဝဿာန်မိုးရာသီ တေးသီချင်းများဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဇူလိုင်    ၂၁


ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၈)ကို ဇူလိုင် ၂၃ရက်  ည ၈ နာရီ သတင်းအပြီး တွင်   မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား၌    ထုတ်လွှင့်ပြသမည် ဖြစ်သည်။ 
ယင်းအစီအစဉ်ကို     မြန်မာ့ အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ   နိုင်ငံကျော် အဆိုတော်များ    ဖြစ်ကြသည့် တင်ဦးလေး၊ ဝိုင်းလမင်းအောင်၊ ထက်မြက်စိုး၊ ထက်ကို၊ ဟိန်းဇော် လင်း၊    ရွှေရည်ဝင်း၊   ဘိုမနှင့် လွင်လွင်မော်တို့က    ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။ 
ထိုသို့         တင်ဆက်မှုကို ဇူလိုင်   ၂၅   ရက်  နံနက်  ၁၀ နာရီခွဲတွင်  ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်  ပြသမည်ဖြစ်ကြောင်း      သိရသည်။                

သတင်းစဉ်