၁၂-၇-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

(ယမန်နေ့မှအဆက်)


One News သတင်းဌာနမှ သတင်း ထောက်   ဦးသွင်ထူးအောင်က   လက်ရှိ နိုင်ငံအတွင်း   နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်နေပြီး   ရန်ကုန်နှင့်   ဒေသအချို့၌ ပစ်ခတ်တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ နေ့စဉ်နှင့်အမျှဖြစ်နေပါကြောင်း၊ အသက် အိုးအိမ်မလုံခြုံမှုများအပြင်   ကူးစက်မှု မြန်ဆန်ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင်    လူသေဆုံးမှုများ မြင့်တက်နေသည့်အတွက်   စီးပွားရေး ထိခိုက်မှုများ၊ စက်ရုံအလုပ်ရုံများ ပိတ် သိမ်းနေမှုများတွေ့ရကြောင်း၊ ယင်းအခြေ အနေမျိုးတွင် နိုင်ငံရေးဖြစ်စဉ်များထက် ပြည်သူများ    အသက်ဆုံးရှုံးမှုများက လက်တွေ့ဆန်နေသည့်အတွက်   ရောဂါ ကပ်ဆိုးနှိမ်နင်းရေးကို      ပထမဦးဆုံး လုပ်ဆောင်ရမည့် အချိန်ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် မည်သို့ဆောင်ရွက်ထားသည် ကို သိလိုပါကြောင်း မေးမြန်းသည်။


ပူးပေါင်းဆောင်ရွက်သွားမည်


ဗိုလ်ချုပ်  ဇော်မင်းထွန်းက   ဗုံးကွဲမှု၊ မိုင်းခွဲမှုများရှိကြောင်း၊   ဖြစ်ပျက်ခဲ့သည့် အခြေအနေများ၊   တချို့နေရာများမှာ တချို့မီဒီယာများ၏  ထူးခြားချက်ကိုပြော လိုကြောင်း၊ ဒလက်မီဒီယာ၏ ထူးခြားချက် က  မတ်၊ ဧပြီ၊ မေလတို့တွင် မြန်မာနိုင်ငံ အနှံ့ ဗုံးထောင်၊ ဗုံးခွဲမှုပေါင်း  အနည်းဆုံး အကြိမ်ရေ ၁၀ ကြိမ်အထက် ရှိကြောင်း၊ ဆန္ဒပြမှုများ၊ မီးရှို့ဖျက်ဆီးမှုများရှိကြောင်း၊ သို့သော်  ထိုအချိန်တွင်   ထိုဗုံးထောင် ဖောက်ခွဲမှုများနှင့် ပတ်သက်ပြီး ၎င်းတို့ သိပ်ပြီးမရေးကြောင်း၊   သိသိသာသာ ကျဆင်းသည်မှာ မေလနှင့်ဇွန်လအတွင်း အခြားဖော်ထုတ်   ဖမ်းဆီးရမိမှုများ  ရှိ ကြောင်း၊ ထို့ပြင် အကြမ်းဖက်မှုကို လက် မခံသည့်ပြည်သူများကလည်း   ဝိုင်းဝန်း ကူညီမှုများရှိကြောင်း၊ လုံခြုံရေးအထောက် အကူပြုအဖွဲ့များအနေနှင့် ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ ယခုအချိန်တွင် ၁၀ အောက်တွင်သာရှိကြောင်း၊ သို့သော် ထို အရာများကို အမြဲပုံကြီးချဲ့နေသည်များရှိ ကြောင်း၊ ထိုအရာများနှင့်  ပတ်သက်ပြီး လုံခြုံရေးအဖွဲ့များနှင့် ပြည်သူလူထုများ၊ တာဝန်သိအဖွဲ့များ  ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြောလိုကြောင်း။


ကိုဗစ်-၁၉ ရောဂါနှင့်  ပတ်သက်ပြီး ဆောင်ရွက်ပေးနေသည်မှာ   ပုဂ္ဂလိက ဆေးရုံများ၌   ကိုဗစ်-၁၉   ရောဂါနှင့် ပတ်သက်ပြီး    ကုသခွင့်ပေးထားသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း သုံးခုသာ  ရှိ ကြောင်း၊ လှိုင်သာယာရှိ  ပန်းလှိုင်ဆေးရုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ Dagon Medical Care Hospital နှင့် မန္တလေးချမ်းအေး သာဇံရှိ  မြို့တော်ဆေးရုံတို့ဖြစ်ကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင် ကုသပေးနိုင်ရန်  နောက်ထပ်လျှောက်ထား သည်များရှိကြောင်း၊ ၎င်းကို  အမြန်ဆုံး   ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊   ထို့အပြင် ရောဂါရှာဖွေရေးလုပ်ငန်းများကို ပုဂ္ဂလိက ဆေးရုံ ၁၀ ရုံနှင့်  ဓာတ်ခွဲခန်း  လေးခုကို ခွင့်ပြုထားကြောင်း၊ နောက်ထပ်  လျှောက် ထားသည်များကိုလည်း အမြန်ဆုံးခွင့်ပြု နိုင်ရေး   ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့် လူနာများကိုအမျိုးအစားခွဲခြားပြီး ကုသမှု ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ ရှိကြောင်း၊ ယင်းတို့ကို တိုးမြှင့်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခု   လက်ရှိ အခြေအနေတွင်   ကိုဗစ်-၁၉   ရောဂါ တတိယလှိုင်းဖြစ်ပွားသည့် အခြေအနေ များကို ပြည်သူလူထုအနေနှင့် သံသယ ရှိလျှင်  မည်သို့လုပ်ရမည်ကို ကျန်းမာရေး ဝန်ကြီးဌာနက    ပြောသွားမည်ဖြစ် ကြောင်း၊ ထို့အပြင် တပ်မတော်ဘက်က  အရပ်သားများအတွက်  နေရာထိုင်ခင်း ပြင်ဆင်မှုများ   မကြာမီအချိန်အတွင်း ပြီးစီးနိုင်ရန်   ဆောင်ရွက်နေကြောင်း၊ တပ်ရင်းတပ်ဖွဲ့များမပါ၊ ယခုလတ်တလော ပြီးစီးပြီး   အခြေအနေများဖြစ်ကြောင်း၊ ယခင်ကလည်း  ထိုနေရာများကို  ထားခဲ့ ဖူးကြောင်း၊    ဒုတိယလှိုင်းဖြစ်စဉ်တွင် လက်တွေ့လုပ်ခဲ့ကြောင်း၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်း(မန္တလေး)တွင် ၈၆ ဦး  ထားနိုင်အောင် ဆောင်ရွက်ပြီးဖြစ် ကြောင်း၊ တည်းခိုရေးစခန်း(၁) ရွှေညောင် တွင် ၉၀  ထားနိုင်အောင်   ဆောင်ရွက်ပြီး ဖြစ်ကြောင်း။


ကျိုင်းတုံ၌ ၁၄၄ ဦး၊ စစ် ကြောရေးနှင့် တည်းခိုရေးစခန်း (လားရှိုး) ၌ ၈၀၊ တည်းခိုရေးစခန်း  (မော်လမြိုင်)နှင့် ကျောင်းတစ်ကျောင်း၌ လူဦးရေ ၃၀၀ ထားနိုင်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့ပြင် မြိတ်၊ ကော့သောင်း၊ မုံရွာ၊ ရန်ကုန်၊ တောင်ငူ၊ ခိုလမ်တို့တွင် ၁၄ နေရာ၌ ၂၃၀၂ ဦး ထားရှိနိုင်အောင် စီစဉ်ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောခဲ့သည့်အတိုင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး   လူနာများ   ရွှေ့ထုတ်နိုင် ရန်၊ အရေးပေါ်လူနာများ ရွှေ့ထုတ်နိုင်ရန် အတွက် လိုအပ်လျှင် တပ်မတော်လေယာဉ် များ၊ ရဟတ်ယာဉ်များသုံးရန်၊ လိုအပ်သည့် ပစ္စည်းများ အမြန်ဖြန့်နိုင်ရန် ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့အနေ နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊    လူမှုရေး လုပ်ငန်းရှင်များနှင့် လွန်ခဲ့သည့် ၉ ရက်နေ့ ညနေက ရန်ကုန်၌ ချိတ်ဆက်ကာ Zoom Meeting ထိုင်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအစီအစဉ်များလည်း မကြာမီအကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်း၊    One News ဆိုသလို Skynet  အနေနှင့်လည်း ယခင်ကတည်းက လုပ်ဆောင်ခဲ့ကြောင်း၊ Oxygen လိုအပ်သည့်ကိစ္စများအပါအဝင် ယင်းလုပ်ငန်းများကို   လုပ်ဆောင်ရန် တင်ပြထားတာရှိကြောင်း၊    ယခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှုများ အားကောင်း လာသည်နှင့်အမျှ     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း လိုအပ် သည်များကို     ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊   တပ်မတော်အနေနှင့်လည်း လိုအပ်သည်များကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးသွားမည်  ဖြစ်ကြောင်း၊ မြန်မာလူမျိုးများသည် လူမှုရေးစိတ်ဓာတ် ရှိပြီးဖြစ်ကြောင်း၊      အားလုံးပူးပေါင်း ဆောင်ရွက်လျှင်   မကြာမီကျော်လွှားနိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း။


စည်းကမ်းတင်းကျပ်မှ 
ရောဂါအဆက်ပြတ်မည်


ပြည်သူလူထုကို ထပ်မံမေတ္တာရပ်ခံ လိုသည်မှာ   ကိုဗစ်-၁၉   ရောဂါပိုးနှင့် ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့ နိုင်ငံများက   အတွေ့အကြုံရှိပြီး     ဖြစ် ကြောင်း၊ အချို့နေရာများတွင် စည်းကမ်းကို တော်တော်လေးလုပ်ရကြောင်း၊ စည်းကမ်း တော်တော်တင်းတင်းကျပ်ကျပ် လုပ်ပြီးမှ ရောဂါအဆက်ပြတ်သွားမည်ဖြစ်ကြောင်း၊ ထိုရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရှင်းပြမည်ဖြစ် ကြောင်း၊ ၁၄ ရက်အတွင်းမှာ မည်သို့ဖြစ် မည်၊ မည်သို့နေထိုင်သင့်သည်ကို  ရှင်းပြ မည်ဖြစ်ကြောင်း၊  မနေ့က   ပုဂ္ဂလိက Oxygen စက်ရုံများကို ပုဂ္ဂလိကရောင်းချ ရန် ပိတ်ပင်လိုက်တာတို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နေ တချို့စက်များကို သွင်းခွင့်မပေးတာ တို့  ထိုကိစ္စတွေသည်  သတင်းမှားဆိုတာ ပြောပြီးဖြစ်ကြောင်း၊ Oxygen နှင့် ပတ်သက် ပြီး ပုဂ္ဂလိကဖြည့်သွင်းမှုတချို့ကို ကန့် သတ်ထားကြောင်း၊ ဘာကိုကန့်သတ်လိုက် လဲဆိုလျှင် တစ်ဦးချင်း လာဖြည့်သည် များကို မဖြည့်ပေးဘဲနှင့် အဓိကလိုအပ်နေ သည့် ဆေးရုံ၊ ဆေးခန်းများသာ ဖြည့်ပေး ဆိုပြီး     ကန့်သတ်ထားတာရှိကြောင်း၊ ဘာကြောင့်လုပ်ရသလဲဆိုလျှင် နှစ်မျိုးရှိ ကြောင်း၊  နံပါတ်  ၁  တစ်မျိုးက   ထုံးစံ အတိုင်း Online ပေါ်တွင် လိမ်နေခြင်းမျိုး ရှိကြောင်း၊ Oxygen အိုးလာယူပါ၊ မည်မျှ ပေးရသည်၊ ငွေပေးလိုက်လည်း  မရသည် မျိုးရှိကြောင်း၊ လက်တွေ့လည်း တိုင်ကြား စာများ ရရှိထားကြောင်း၊ နံပါတ် ၂ အနေ နှင့် Oxygen ကို မလိုအပ်ဘဲနှင့် ယူခြင်း ဖြစ်ကြောင်း၊ တချို့တကယ်မလိုအပ်ဘဲ ယူတာရှိကြောင်း၊  တချို့   လိုအပ်၍ ယူတာရှိကြောင်း၊ ယင်းသည် ကျွမ်းကျင် သည့်  ဆေးရုံ၊   ဆေးခန်းကျန်းမာရေး ဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သုံးစွဲသင့်တာမျိုးရှိကြောင်း၊ လိုအပ်ချက် များရှိနေသည်ကိုသိကြောင်း၊ သို့သော် တကယ်လိုအပ်၍ သွားဖြည့်တာများသည် သက်ဆိုင်ရာနယ်မြေရှိ    ကျန်းမာရေး ဝန်ထမ်းများ၏     ထောက်ခံချက်နှင့်   ဖြည့်တင်းနိုင်သည်ဟု     ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။


ဆက်လက်၍    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ    ညွှန်ကြား ရေးမှူး ဒေါက်တာသန်းနိုင်စိုးက အဓိက Oxygen   လိုအပ်ချက်က   Covid  ၏ Treatment တွင် Oxygen ကလည်း အရေး ပါကြောင်း၊ ထို့ကြောင့် ရောဂါ၏အခြေ အနေဆိုးလာသည်နှင့်အမျှ Oxygen က စပြီးကျလာကြောင်း၊ လူမှုကွန်ရက်တွင် တွေ့ရသည့်  အနေအထားအရ Oxygen က ကျွမ်းကျင်သည့်ပညာရှင်များ၏ အကြံ ဉာဏ်နှင့် ကျွမ်းကျင်သူ၏ကြီးကြပ်မှုနှင့် သုံးစွဲသင့်သည့်နေရာဖြစ်ကြောင်း၊ တချို့ Covid မဖြစ်သေးဘူး၊ အိမ်မှာလည်း လူတွေ အကုန်လုံးနီးပါး ကာကွယ်ဆေးထိုးထား ကြောင်း၊ တချို့ကျ သိပ်ပြီးအပြင်မထွက် ဖြစ်သည့် မိသားစုများက စိတ်ပူပြီး အိမ် တွင် Oxygen ဝယ်ပြီး လှောင်ထားတာရှိ ကြောင်း၊ Oxygen ထုတ်လုပ်မှု၊ တင်သွင်း မှုဖြစ်စဉ်တွင်  Demand  နှင့်   Supply ဆိုတာရှိကြောင်း၊  တစ်ဖက်က  သုံးစွဲလို သည့်  အားတက်လာသည့်   အချိန်တွင် တင်သွင်းမှုနှင့်    ထုတ်လုပ်မှုပိုင်းတွင် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင် သည့်  အပိုင်းလည်းရှိကြောင်း၊   Covid ပထမလှိုင်းမှာ ကတည်းက တွေ့ကြုံဖူးပါ ကြောင်း၊ ထိုစဉ်ကလည်း N 95 Mask များမှကောင်းသည်ဆိုပြီး  ကျန်းမာရေး ဝန်ထမ်းများသာ အသုံးပြုသင့်သည့် Mask များကို အများစုက  လိုက်ဝယ်ကြသည့် အခါ Mask အများကြီးမရှိသည့်အတွက် Mask များ ပြတ်သွားခြင်း၊ ဈေးတက်သွား ခြင်းတို့ရှိကြောင်း၊ ထို့ကြောင့် နောက်ပိုင်း တွင်ပြန်ပြီး  အကြံပြုရကြောင်း၊   N-95 Mask များမှာ ကျန်းမာရေးဝန်ထမ်းများ သာ သုံးသင့်ကြောင်း၊ အများပြည်သူများ အနေဖြင့် surgical Mask သို့မဟုတ် စနစ် တကျချုပ်လုပ်ထားသည့် အလွှာသုံးလွှာ ပါသည့် cloth  Mask   ထိုအရာမျိုးကို သုံးလို့ရကြောင်း   ပြန်ပြောခဲ့ရကြောင်း၊ ယခုအချိန်တွင်လည်း  Oxygen  သည် တကယ်လိုအပ်သည့်သူအတွက် ကောင်း သော်လည်း  တကယ်မလိုအပ်ဘဲ   သုံးမိ သည့်အခါ၊ ဝယ်စုဆောင်းထားသည့် အခါ တကယ်လိုအပ်သည့်သူများ၊ အောက်ဆီဂျင် ကို   ရှူလိုက်မှ   အသက်ရှင်မည့်သူများ အတွက် အခက်အခဲဖြစ်ကြောင်း။


လိုသည့်သူကိုကူညီမည်


တစ်ဖက်တွင်လည်း နိုင်ငံတော်၏ ပံ့ပိုး မှုနှင့် တင်သွင်းသည့်လမ်းကြောင်း Liq-uid Oxygen လိုမျိုးများ တရုတ်ဘက်က တင်သွင်းသည့်အပိုင်းရှိကြောင်း၊ မြဝတီ နယ်စပ်မှ တင်သွင်းသည့်အပိုင်းရှိကြောင်း၊ ပြည်တွင်းမှာရှိသည့်   တပ်မတော်အပါ အဝင် Oxygen ထုတ်လုပ်သည့် ဝန်ကြီး ဌာနများလည်း ရှိကြောင်း၊ ထိုအရာများ နှင့် ပူးပေါင်းပြီးသည့်အခါတွင် Oxygen အများစု ဘယ်လိုထုတ်လုပ်မလဲ၊ ပြည်တွင်း တွင်လည်း Oxygen Plant ရောင်းသည့် ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်ပြီး Oxy-gen များများထုတ်နိုင်ရန် Production အပိုင်းက ဆောင်ရွက်သည့်အပိုင်းရှိပြီး တစ်ဖက်မှ တကယ်လိုအပ်သည့်နေရာကို Oxygen resource များက စီးဆင်းသွားရန် လိုအပ်ကြောင်း၊  ထိုအရာကို  ပညာပေး သည့်အပိုင်း၊ ကြပ်မတ်သည့်အပိုင်းများ ဆောင်ရွက်နေကြောင်း၊ အထက်က ပြောခဲ့ သည့်နည်းတူ   ယင်းနေရာတွင်လည်း ပူးပေါင်းသည့်အပိုင်းသည်   အဓိကဖြစ် ကြောင်း၊ Oxygen ကို  မလိုသည့်သူက လိုသည့်သူကိုကူညီမည်၊ ဘယ်လိုလူများမှ တကယ်လိုအပ်သည်ဆိုသည်ကို ကျန်းမာ ရေးဝန်ထမ်းများမှ    ဆုံးဖြတ်ပေးမည် ဆိုပါက   လမ်းကြောင်းအမှန်ကို   ရပြီး တကယ်လိုအပ်သည့်သူက    ရရှိမှာဖြစ် ကြောင်း ဖြည့်စွက်ဖြေကြားသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်လက် ပြောကြားရာတွင် တချို့သတင်းတွေက ပြောကြောင်း၊ Oxygen နှင့် ပတ်သက်ပြီး တပ်မှအောက်ဆီဂျင်စက်ရုံများကို သိမ်း သည်ဟု တချို့မီဒီယာများက ဖွကြောင်း၊ သိမ်းစရာအကြောင်း   မရှိကြောင်းနှင့် ဒုတိယလှိုင်းဖြစ်စဉ်ကပင်   ပြည်သူများ အားလုံးအမြင်ဖြစ်ပြီး   မိုးထဲရေထဲတွင် တပ်မှ ရဲဘော်များကိုယ်တိုင် အောက်ဆီဂျင် အိုးများထမ်းပြီး ဆေးရုံများကို သွားလှူ နေကြောင်း၊   အဘယ့်ကြောင့်ဆိုသော် တပ်မတော်ဆေးရုံများတွင် အောက်ဆီဂျင် ထုတ်လုပ်သည့် နေရာများရှိကြောင်း၊ ထို အရာများဖြင့်လည်း ကူညီပံ့ပိုးပေးလျက်ရှိ ကြောင်း၊ ထို့အပြင် စက်မှုသုံး Oxygen များရှိကြောင်း၊ ရန်ကုန်ဆိုလျှင် အင်းစိန် သံမဏိစက်ရုံသည် တပ်မတော်၏ မြန်မာ စီးပွားရေး   ကော်ပိုရေးရှင်းက   ပိုင်ပြီး သင်္ဘောကျင်းစက်ရုံသည်လည်း ၎င်းက ပိုင်ခြင်းဖြစ်သည့်အပြင် တခြားစက်ရုံများ ရှိကြောင်း၊ ယင်းစက်ရုံများမှ အောက်ဆီဂျင် များကိုပင် စက်မှုသုံးအောက်ဆီဂျင်များကိုပြောင်းပြီး ဆောင်ရွက်ပေးနေခြင်းများရှိ ကြောင်း၊ ပထမဦးဆုံး ချင်းပြည်နယ်ဘက် ကလေးစသည့်ဒေသများတွင်  စဖြစ်ချိန် တွင် လိုအပ်သည့်ဆေးပစ္စည်းများ ပို့ပေး ပြီး Oxygen  ထုတ်လုပ်သည့်   စက်များ ပို့ပေးခြင်းများလည်းရှိကြောင်း၊ ထိုအရာ များ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပြီး   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။


One News သတင်းဌာနမှ သတင်း ထောက် သွင်ထူးအောင်က ယခုလက်ရှိ ဖြစ်ပေါ်နေသည့် အသွင်ပြောင်းပိုး ကိုဗစ်- ၁၉ ရောဂါ ကုသရေးကုထုံးများမှာ Oxy-gen လိုအပ်ချက်က ယခင်ကုထုံးများနှင့် နှိုင်းယှဉ်လျှင်  သုံးဆခန့်  ပိုပြီးလိုအပ် နေတယ်လို့ ဆိုကြောင်း၊ တစ်နိုင်ငံလုံး Oxygen  ထုတ်လုပ်မှု   လိုအပ်နေသည့် ကာလတွင် ထိုင်းဘက်ကလည်း နယ်စပ် ကုန်သွယ်ရေးများ ပိတ်လိုက်ပြီဆိုတော့ Oxygen လိုအပ်ချက်က အရမ်းများပြား လာခြင်းဖြစ်ပြီး ပြည်သူများ၏အသက်ကို ကယ်တင်နိုင်ရန် Oxygen လိုအပ်ချက်က အရေးကြီးနေသည့်အတွက် ဘယ်လိုတွေ ထပ်စီစဉ်ထားလဲဆိုသည်ကို  သိလိုကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဗစ်-၁၉  ရောဂါနှင့်ပတ်သက်သည့်   ပစ္စည်းများ နယ်စပ်ဒေသတွင် ပိတ်ထားသည်ဆိုသည် မှာ   မမှန်ကန်ကြောင်း၊   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်      နိုင်ငံခြားစီးပွား ဆက်သွယ်ရေး   ဝန်ကြီးဌာနအနေဖြင့် လည်း သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ယခင်ကလို သာမန်ကုန်စည်များလို FDA ထောက်ခံချက်တို့   လိုအပ်သည့်စာရွက် စာတမ်းများပင် မလိုအပ်ဘဲဆောင်ရွက် နိုင်အောင် စီစဉ်ပေးထားလျက်ရှိကြောင်း၊ ထို့အပြင် Oxygen ထုတ်လုပ်နိုင်သည့် နေရာများကို စွမ်းအားကုန်လည်ပတ်နိုင် ရေး၊ အလှူရှင်များနှင့် ပူးပေါင်း၍ နေရာ အနှံ့တည်ဆောက်နိုင်ရေး၊ Luquid Oxy-gen များ  သွင်းနိုင်ရေးများ  ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားသည်။


One News သတင်းဌာနမှ သတင်း ထောက်  သွင်ထူးအောင်က   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေးများ     ပိတ်လိုက်သည့် အတွက်   နယ်စပ်ကုန်သွယ်မှုများ   ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ဘယ် အချိန်   ပြန်ဖွင့်မလဲဆိုသည်ကို   မသိနိုင် သည့်အခြေအနေတွင်   ရှိနေကြောင်း၊ အိန္ဒိယနယ်စပ်ဂိတ်ဖြစ်သည့်  တမူး  ပိတ် ထားခြင်းမှာ နှစ်ချီနေပြီဖြစ်ကြောင်း၊ ထို့ အပြင် ထိုင်းနယ်စပ်ဂိတ်ကလည်း ပိတ်ထား ခြင်းကြောင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်လာမည်ကို   ပြည်သူများအနေ ဖြင့် စိုးရိမ်နေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ တာဝန်ရှိသူများအနေဖြင့်   ကိုဗစ်-၁၉  ရောဂါ  စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကုန်စည်ရောင်းဝယ်မှုများ မပြတ်တောက် သွားအောင်  မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း၊ အခြေခံစားကုန်အပါအဝင် ကုန်ဈေးနှုန်း ထိန်းချုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် ဘာများ ဆောင်ရွက်ထားလဲဆိုသည် ကိုသိလိုကြောင်း မေးမြန်းသည်။


ဈေးကြီးမြင့်နိုင်မှုအလွန်နည်း


ဗိုလ်ချုပ် ဇော်မင်းထွန်းက   အခြေခံ စားကုန်နှင့်  ပတ်သက်ပြီး ဈေးကြီးမြင့်နိုင် မှုဖြစ်နိုင်ခြေ     အလွန်နည်းကြောင်း၊ အခြေခံစားကုန်နှင့်  ပတ်သက်ပြီး   စီမံ ဆောင်ရွက်ထားခြင်းများ ရှိပြီးဖြစ်ကြောင်း၊ သို့သော် ကုန်သွယ်မှုရပ်တန့်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မိမိရရှိရမည့်ငွေ၊ ပြန်ပေး ရမည့်ငွေ     အခြေခံစားကုန်မဟုတ်ဘဲ နိုင်ငံခြားကို သီးသန့်ပို့နိုင်မည့် လုပ်ဆောင် ထားသည့် ကုန်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံ များ အနည်းနှင့်အများ ထိခိုက်နိုင်ကြောင်း၊ ယင်းသို့ ဖြစ်လာနိုင်သည့်အခြေအနေရှိ ကြောင်း၊ သို့သော် သက်ဆိုင်ရာနိုင်ငံများ နှင့်  ကိုဗစ်-၁၉  ရောဂါနှင့်  ပတ်သက်ပြီး ရောဂါဖြစ်ပွားမှု   လျှော့ချနိုင်ရေးအား လက်တွေ့ပြနိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ပြီး ၎င်းတို့အနေဖြင့် နိုင်ငံတစ်နိုင်ငံကို ကြည့်ခြင်းမှာ  နိုင်ငံတစ်နိုင်ငံ၏   ရောဂါ ဖြစ်ပွားနှုန်းများလား၊     ကူးစက်နိုင်မှု များလားဆိုသည်ကိုသာ   ကြည့်ခြင်းဖြစ် ကြောင်း၊ ရောဂါဖြစ်ပွားနှုန်းလျှော့ချရမည် ဖြစ်ပြီး လျှော့ချရန်မှာ စည်းကမ်းလိုက်နာ ရမည်ဖြစ်ပြီး တိကျစွာစည်းကမ်းလိုက်နာ ရန်  ဆောင်ရွက်မည်ဖြစ်ကြောင်း၊   ထို့ အပြင်  ကိုဗစ်-၁၉  ရောဂါ   စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကုန်စည်စီးဆင်းမှု များကို    ပြန်လည်လုပ်ဆောင်နိုင်ရန် အတွက်   သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ၊ လိုက်နာ ရမည့်  စည်းကမ်းများ  မည်သို့လိုက်နာ ရမည်ဆိုသည်များကို ဆောင်ရွက်လျက် ရှိကြောင်း၊   မနေ့က   ယင်းဘက်တွင် ကုန်သည်များ၊  ကုန်ကားများ   ပိတ်ပြီး အခက်အခဲဖြစ်နေမှာ စိုးသည့်အတွက် မထွက်ရန်   တားမြစ်ထားခြင်းများ   ရှိ ကြောင်း၊ ထိုကြားထဲတွင် ကြိုးပမ်းဆောင် ရွက်မှုများလည်းရှိကြောင်း   ပြောကြား သည်။


One News သတင်းဌာနမှ သတင်း ထောက် သွင်ထူးအောင်က Third wave မှာဆိုလျှင်  ကူးစက်မှုအများဆုံး   တွေ့ရ ကြောင်း၊ ကူးစက်ခံရသည့်သူများ   ကုသ ရန်   ဆေးရုံများ၊   ယာယီဆေးရုံများ၊ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု အခြေအနေအပေါ်  အမြန်ဆုံးဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကျန်းမာရေးဝန်ကြီးဌာန    အနေဖြင့် အရေးပေါ်ဘာများဆောင်ရွက်ထားသလဲ။ ကာကွယ်ဆေးထိုးရန် မည်သို့စီစဉ်ထား သလဲ။  ကိုဗစ်-၁၉  ရောဂါ   ကူးစက်မှု ထိန်းချုပ်နိုင်ရန် ဒေသအလိုက်   Lock-down ချရန် အစီအစဉ်ရှိပါသလား။ ယင်း သို့ အစီအစဉ်ရှိပါက အခြေခံပြည်သူများ စားဝတ်နေရေး အခက်အခဲမဖြစ်အောင် ဘာတွေစီစဉ်ထားသလဲဆိုသည်ကို သိလို ကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ်  ဇော်မင်းထွန်းက စီစဉ်ထား မှုများအား    ပြောကြားပြီးဖြစ်ကြောင်း၊ ဘယ်ဆေးရုံများမှာ    တက်ရောက်နိုင် ကြောင်းကို   ပြောကြားပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန    အနေဖြင့် ဆက်လက်   ပြောကြားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးရန် အစီအမံမှာ မြန်မာ ပြည်တွင်  ၁ ဒသမ ၇ သန်း  ထိုးပြီးဖြစ် ကြောင်း၊   မကြာမီရက်ပိုင်းအတွင်းတွင် မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှ ကာကွယ်ဆေး တစ်သန်း ပထမအသုတ် အနေဖြင့်  ရောက်လာမည်ဖြစ်ကြောင်း၊ ရောက်ရှိသည်နှင့်   အမြန်ဆုံးထိုးနှံသွား မည်ဖြစ်ပြီး တခြားနိုင်ငံများတွင်လည်း ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး ဖြစ် ပွားနေသည့်  ဖြစ်ပွားနှုန်းများမှာလည်း များနေခြင်းကြောင့် အိန္ဒိယနိုင်ငံမှ ဆေး မှာ ၎င်းတို့ နိုင်ငံကပြေလည်မှသာလျှင် ရရှိမည်ဖြစ်ပြီး ယခုလက်ရှိတွင် ရနိုင်မည့် အခြေအနေမရှိသေးကြောင်း၊ မိမိတို့အနေ ဖြင့်   မြန်မြန်အကောင်အထည်ဖော်နိုင် မည်မှာ ခရီးစဉ်မှာဆွေးနွေးခဲ့သည့် ရုရှားမှ မြန်မာနိုင်ငံသို့ စက်ရုံလာကြည့်ကာ မိမိ နိုင်ငံတွင်  ထုတ်လုပ်ခြင်းဖြစ်ပြီး   မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ကာကွယ် နိုင်သည့်ဆေးကို   ထုတ်လုပ်နိုင်သည့် အခြေခံရှိပြီးဖြစ်သည်ဟု သိရပါကြောင်း၊ ထုတ်လုပ်မည့်အခြေခံမှာ ၎င်းတို့နိုင်ငံမှ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး ထုတ်နိုင်စွမ်းရှိပါက   ထုတ်ရန်အခြေခံ အချက်ရှိလျှင် ၎င်းတို့အနေဖြင့် ထုတ်နိုင် ကြောင်း၊ ထို့ကြောင့် ထိုအရာမှာ ဖြစ်နိုင် သည့်အလားအလာရှိပြီး  အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ကြောင်း၊      မိမိနိုင်ငံ အတွင်းမှာ  ဆေးထိုးပေးပြီး   ဆောင်ရွက် နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု လတ်တလောတွင် ဒေသအလိုက် Lock-down ချရန် အစီအစဉ်မရှိသေးကြောင်း၊ Stay at home အစီအစဉ်သာ လုပ်ဆောင် ရန်ရှိကြောင်း၊ Stay at home အဆင့်ကို သာ  ထိထိရောက်ရောက်   လုပ်နိုင်ပြီး အားလုံးက    လိုက်နာနိုင်လျှင်     ရောဂါ အဆက်ဖြတ်နိုင်မှာဖြစ်ကြောင်း  ပြန်လည် ဖြေကြားသည်။


မဟာဗျူဟာမြောက်စဉ်းစားရမည်


ကျန်းမာရေးနှင့်    အားကစားဝန်ကြီး ဌာနမှ    ညွှန်ကြားရေးမှူး    ဒေါက်တာ သန်းနိုင်စိုးက    ကိုဗစ်-၁၉     ရောဂါ အပါအဝင်   ကူးစက်တတ်သည့်ရောဂါ ထိန်းချုပ်သည့်အခါတွင် ကာကွယ်ခြင်း လုပ်ငန်းများရှိပြီး ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းစဉ်ရှိကြောင်း၊   ရောဂါကိုကုသ သည့်လုပ်ငန်းစဉ်လည်း  ရှိကြောင်း၊ ထို့ အပြင် ယင်းကာလ   တစ်ခုတည်းကိုသာ ကြည့်၍   မရကြောင်း၊   ရင်ဆိုင်ရသည့် တတိယလှိုင်းကာလများတွင် သာမကဘဲ ဘယ်လောက်ထိ     ဆက်ရှိနေနိုင်မလဲ ဆိုသည်ကို     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်တိုင်ကလည်း    တွက်ချက်နေသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊   တတိယလှိုင်း ရင်ဆိုင်ပြီးသည့်အခါတွင် နောက်သုံးနှစ် အတွင်း ဘာဖြစ်နိုင်မလဲ၊ နောက်ငါးနှစ် အတွင်း ဘာဖြစ်နိုင်မလဲဆိုသည်ကို မဟာ ဗျူဟာမြောက်    စဉ်းစားရမည်ဖြစ်ပြီး စဉ်းစားသည့်အခါတွင်   အရေးပါသည့် လုပ်ငန်းစဉ်အနေဖြင့်  အရေးကြီးဆုံးနှင့် အရေးအပါဆုံးမှာ ကာကွယ်ခြင်းလုပ်ငန်း ဖြစ်ကြောင်း၊ ကာကွယ်ခြင်းလုပ်ငန်းစဉ် တွင် အားလုံးသိသည့်အတိုင်း Mask တပ်၊ လက်ဆေး၊   ခပ်ခွာခွာနေဆိုသည်ကို တော်တော်များများသိရှိကြောင်း၊ သို့သော် လက်တွေ့ဆောင်ရွက်သည့်  အပိုင်းတွင် အားနည်းနေခြင်းကို  တွေ့ရှိရကြောင်း၊ ယခုကဲ့သို့   ဖြစ်ပွားနေသည့်အချိန်တွင် အထူးဂရုပြုဆောင်ရွက်ရမည့်အချိန်ဖြစ် ကြောင်း၊  နောက်တစ်ခုမှာ   လက်ရှိဆေး သိပ္ပံပညာ၏  ကောင်းကျိုးတစ်ခုအနေ ဖြင့် ကမ္ဘာပေါ်တွင် ကာကွယ်ဆေးတစ်ခု ပေါ်ထွက်လာခြင်းမှာ အချိန် အတိုဆုံးနှင့် ထိရောက်အောင် အမြန်ဆုံးထုတ်လုပ်နိုင် သည်မှာ Covid-19 ရောဂါ ကာကွယ်ဆေး လည်းပါဝင်ကြောင်း၊ ကိုယ့်အတွက်ရရှိ သည့်ဆေးသည် ကိုယ့်အတွက် အကောင်း ဆုံးဆေးဖြစ်ကြောင်း၊  ယင်းသို့   လက်ခံ ပြီးသည့်အချိန်တွင်     ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင်ပြီး  ထိုး မည်ဆိုလျှင်   လူမှုအသိုင်းအဝိုင်းတွင် လည်း   လူမှုတာဝန်ကျေသည်ဆိုသည့် ပြည်သူ့နီတိဟု ပြောရမည်ဖြစ်ကြောင်း၊ Mask တပ်ထားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သလို    တစ်ဖက်လူကိုလည်း ကာကွယ်ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ နည်းတူ ကာကွယ်ဆေးထိုးခြင်းမှာလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်သလို တစ်ဖက် လူကိုလည်း   ကာကွယ်ပေးခြင်းဖြစ်ပြီး အထက်က   ဗိုလ်ချုပ်ရှင်းပြသွားသည့် အထဲတွင်လည်း    ပါပြီးဖြစ်ကြောင်း၊ အများစုထိုးထားလျှင် Hard Immunity ရသည့်အခါတွင်   အပြင်ကပိုးက  ဝင်လာ ရန်လည်း မလွယ်ကူသလို သူ့အထဲတွင် ကူးစက်ရန်လည်း   မလွယ်ကူကြောင်း၊ USCDC ကလည်း တချို့  ကာကွယ်ဆေး ထိုးထားပြီးသည့်သူများ အုပ်စုလိုက်ရှိနေ လျှင်  Mask  ပင်ချွတ်လို့   ရသည်ဟူ၍ နောက်ပိုင်းတွင်    Recommendation ထပ်ပြောကြောင်း၊ ကာကွယ်ဆေးထိုးခြင်း မှာ အင်မတန်မှအကျိုးရှိသည့်   ကိစ္စဖြစ် သည့်အတွက်ကြောင့် ပူးပေါင်းဆောင်ရွက် သင့်ပြီး  ကိုယ့်အတွက်ရသည့်   ဆေးမှာ အကောင်းဆုံးဆေးဖြစ်ကြောင်း   လက်ခံ ပြီးထိုးဖို့လိုအပ်ကြောင်း။


စည်းကမ်းလိုက်နာရန်အရေးကြီး


ရောဂါထိန်းချုပ်သည့်   အပိုင်းသည် လည်း အလွန်အရေးကြီးကြောင်း၊  အနံ့ ပျောက်စင်တာများခွဲထားခြင်း၊ Quaran-tine ထားခြင်းများမှာ အလွန်အရေးကြီး ကြောင်း၊Stay   at   home  ဆိုသည်မှာလည်း အင်မတန်ထိရောက်သည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ Stay at home ဆိုသည်မှာ နိုင်ငံတကာမှာ Lockdown လုပ်သည်နှင့် မတူကြောင်း၊  Stay  at  home   တွင် မည်သည့်မြို့နယ်ကို   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ   တွေ့မည်ဖြစ် ကြောင်း၊  မနေ့က   သတင်းမှာလည်းပါ ကြောင်း၊ ယခင်က တစ်မြို့နယ်၊ နှစ်မြို့နယ် သာပါဝင်ပြီး  သို့သော်   နောက်ပိုင်းတွင် မည်သည့်ကိစ္စမပါဆိုသည်မှာ တစ်နည်း အားဖြင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် လုပ်ငန်းကိုင်ငန်းများ ကျပ်တည်းသွားမည် စိုးသည့်အတွက်ကြောင့် ယင်းသို့ ဖြေလျှော့ ပြီး တစ်ပြိုင်နက်တည်း ထုတ်ပြန်ပြီးဖြစ် ကြောင်း၊ ယင်းသို့  စည်းမျဉ်း၊   စည်းကမ်း များ ထွက်လာသည့်အခါတွင် တိတိကျကျ လိုက်နာရန်မှာ အဓိကကျကြောင်း၊ ထိုမှ သာလျှင် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ပထမလှိုင်းတွင် ဖြစ်ပွားမှုအနည်းဆုံးနှင့် နိုင်ငံတကာမှ    အံ့ဩချီးကျူးရသည့် အနေအထားဖြစ်ကြောင်း၊   ရန်ကုန်မြို့ ပေါ်တွင်  ရန်ကုန်မြို့ကြီးက  ခြောက်ကပ် ပြီး  လူများရှင်းသွားသည့်  အနေအထား ဖြစ်ပြီး သင်္ကြန်တွင်းကာလနှင့် တိုက်ဆိုင် ကြောင်း၊ ယင်းအချိန်တွင်  First   wave သိပ်မဖြစ်ကြောင်း၊ အကောင်းဆုံးအနေ အထားနှင့်   ကျော်လွှားနိုင်ကြောင်း၊ Second wave တွင် နည်းနည်းလိုက်နာမှု များ  အားနည်းခြင်းနှင့်   စစ်တွေဘက်မှ မျိုးပြောင်းသည့်    ပိုးဝင်လာခြင်းကြောင့်  Second wave  ကို   တော်တော်ရင်ဆိုင် ရကြောင်း၊ ရောဂါဖြစ်ပွားမှုကြာလာသည့် အခါတွင် လိုက်နာမှုအားနည်းလာသည့် အခါ တွင် ကူးစက်မြန် ဒယ်လ်တာဗိုင်းရပ်စ် မျိုးပြောင်းကို ရင်ဆိုင်နေရကြောင်း၊ ကပ် ရောဂါဗေဒအရ    ထောင်တက်နေသည့် အပိုင်းဖြစ်ကြောင်း၊ ထိုအရာကို   မြန်မြန် ဦးကျိုးသွားစေရန်   စည်းမျဉ်းစည်းကမ်း များ လိုက်နာရန်လိုအပ်ကြောင်း၊ တစ်ဦး ချင်းစီ ကာကွယ်ရန်လိုကြောင်း၊ ကာကွယ် ဆေးများ  ရောက်ရှိလာသည့်အချိန်တွင် ကိုယ့်အတွက်ရရှိလာသည့် ဆေးအကောင်း ဆုံးဆိုပြီး   ထိုးနှံရန်လိုကြောင်း၊   နောက် တစ်ပိုင်းမှာ   ကုသသည့်အပိုင်းဖြစ်ပြီး ကာကွယ်သည့်အပိုင်းနှင့် ထိန်းချုပ်သည့် အပိုင်းကောင်းလျှင် ကုသသည့်အပိုင်းတွင် ဝင်လာသည့်အခါ    နည်းသွားမည်ဖြစ် ကြောင်း၊ ယင်းသို့ဆိုလျှင် system နိုင်သည့် ပမာဏဆိုလျှင် ကောင်းကောင်းစီမံခန့်ခွဲ လုပ်နိုင်မည်ဖြစ်ပြီး ကာကွယ်သည့်အပိုင်း၊ ထိန်းချုပ်သည့်အပိုင်းတွင်    ပူးပေါင်း ဆောင်ရွက်မှုနှင့်  ကိုယ်စီကိုယ်စီ   စည်း မျည်း၊  စည်းကမ်းများ     လိုက်နာရန်မှာ အင်မတန်အရေးကြီးကြောင်း  ပြောကြား သည်။


သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုး ဟိန်းက သတင်းစာရှင်းလင်းပွဲ မတက် ရောက်ဖြစ်သည်မှာ သုံးကြိမ်အထိရှိပြီဖြစ် ပါကြောင်း၊ မေးခွန်း နှစ်ခုခန့်   မေးမြန်းလို ပါကြောင်း၊       ပထမမေးခွန်းအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေး ရှင်းခရီးစဉ်တွင် အင်တာဗျူးများပြုလုပ်ခဲ့ပါကြောင်း၊   အလွန်စိတ်ဝင်စားစရာ အကြောင်းများ သိရှိခဲ့ရပါကြောင်း၊   မိမိ အနေဖြင့် အကြောင်းအရာ နှစ်ပိုင်းပြောလို ပါကြောင်း၊    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးသည့်အချိန်မှစ၍   ဒုတိယ အကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြည်ပခရီးစဉ်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏   ထိပ်သီးနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဖိတ် ကြားခဲ့သည်မှာ မိမိတို့နိုင်ငံအနေဖြင့်ရော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အနေဖြင့်ရော ဂုဏ်ယူစရာ ကောင်းကြောင်း၊ ဒုတိယအချက်အနေဖြင့် ရုရှားနိုင်ငံ၏ မီဒီယာတစ်ခုဖြစ်သော RIA သတင်းဌာနမှ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်    အင်တာဗျူးမှာ ပြန်လည်ဖြေကြားရာတွင် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင်     ဒေါ်အောင်ဆန်းစုကြည်သည်    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို    နိုင်ငံတော် ပြန်တမ်းထုတ်ပြန်၍    ရယူခဲ့သည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကြီးမှ ရှင်းပြပေးခဲ့ကြောင်း၊  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့်    ရာထူးကို တီထွင်ဖန်တီးရုံသာမက နိုင်ငံတော်၏ အင်္ဂါစဉ်ဖြစ်သော protocol မှာလည်း  သမ္မတနှင့်  ဒုတိယသမ္မတ နှစ်ဦးကြားတွင်    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အင်္ဂါစဉ် ကို နံပါတ် ၂ နေရာတွင် ထည့်သွင်းထားခဲ့ သည်ကို ကြားသိရပါကြောင်း၊ ၎င်းကိစ္စကို   သိလိုသည်မှာ သူရိယနေဝန်းဂျာနယ်အနေ ဖြင့် ယင်းကိစ္စကို ၂၀၁၆-၂၀၁၇ တွင် နိုင်ငံတော်အတိုင်ပင်ခံရာထူးကို တီထွင်ခဲ့ သည့်ကိစ္စနှင့်  ပတ်သက်ပြီး    ထောင်ထဲ ရောက်မသွားအောင်    သိုသိုသိပ်သိပ်  ရေးသားဝေဖန်  ထောက်ပြခဲ့ကြောင်း၊   ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်   ညီညွတ်ခြင်း မရှိဘဲ    ၎င်းရာထူးကို   ဖန်တီးလိုက်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် တစ်ဦး တစ်ယောက်အတွက်သာ ထိုရာထူးရှိခဲ့၍ အများပြည်သူက    ကြည်ဖြူသည်က တစ်ပိုင်းဖြစ်ကြောင်း၊  သို့သော်   ၎င်း၏ အာဏာကုန်သွားသည့် အချိန်ရောက်လာ မှာ  မလွဲပါကြောင်း၊ နောင်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဘဲ တက်လာမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို  ၎င်းရာထူးကို ရယူပါက  တိုင်းပြည်အတွက် အန္တရာယ်ရှိ နိုင်ကြောင်း၊ အထူးသဖြင့် သမ္မတနှင့် ဒုတိယ သမ္မတကြားတွင် နံပါတ် ၂ အင်္ဂါစဉ်ထည့်သွား သည့်ကိစ္စသည် အလွန်အန္တရာယ်ရှိသည် ကို   သူရိယနေဝန်းဂျာနယ်အနေဖြင့်  ထောက်ပြရေးသားခဲ့ကြောင်း၊ မိမိသိလို သည်မှာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ရုရှားနိုင်ငံသို့ သွားရောက် ခဲ့သည့် ခရီးစဉ်အင်တာဗျူးတွင်  ပြော ကြားခဲ့သည့်  ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို နိုင်ငံတော်ပြန်တမ်းဖြင့် ထုတ်ပြန်ခဲ့သည့် အချက်နှင့်   အင်္ဂါစဉ်ကွာဟနေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့်  အခြေခံဥပဒေနှင့်   ညီညွတ်မှုရှိခြင်းမရှိ ခြင်းနှင့်  မည်ကဲ့သို့  အရေးယူသွားမည် ဆိုသည်ကို  သိလိုကြောင်းမေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက ရုရှားနိုင်ငံ ခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် RIA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ်      ၎င်းသတင်းဌာန မှ    ဒေါ်အောင်ဆန်းစုကြည်    အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ဥပဒေနှင့် မညီဘဲ  ရယူထားသည်ကို သိပါကြောင်း၊ တပ်မတော်နှင့်      နိုင်ငံရေးပါတီအချို့ ထောက်ပြခဲ့သည်ကို     သိကြောင်း၊ တပ်မတော်အနေဖြင့်  မည်သို့ပြန်လည် ပြောကြားလိုသည်ကို    သိလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ က အဓိကအချက်အနေဖြင့်  နိုင်ငံတော် အတိုင်ပင်ခံရာထူးနှင့်ပတ်သက်၍ ၎င်းတို့ သည် ပုဒ်မတစ်ခုကို အကြောင်းပြယူခဲ့ ကြောင်း၊ အခြေခံဥပဒေပုဒ်မ ၂၁၇ တွင် ပါရှိသော    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သော    ပြည်ထောင်စုအုပ်ချုပ်မှု အာဏာသည် သမ္မတတွင်သာရှိသည်ကို ရေးသားထားကြောင်း၊   ၎င်းစကားရပ် ကြောင့်   ပြည်ထောင်စုလွှတ်တော်က အာဏာပိုင်အဖွဲ့အစည်း    တစ်ရပ်ရပ်ကို လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးကိုလည်းကောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့် များ ပေးအပ်ခြင်းမပြုနိုင်ဟု မှတ်ယူခြင်း မရှိစေရဆိုသော   အကြောင်းအရာများ ရေးသားထားကြောင်း၊ ၎င်းတို့သည် ယင်း အပိုဒ်ကိုသာယူလိုက်ကြောင်း။


ဥပဒေနှင့်အညီ ဆောင်ရွက်မည်


ပြည်ထောင်စု   လွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း    တစ်ယောက် ယောက်၊ လူပုဂ္ဂိုလ်တစ်ဦးဦးသော်လည်း ကောင်း   တာဝန်ပေးအပ်ခွင့်ရသည်ဆို သည့်သဘောကို    ကောက်ချက်ဆွဲခဲ့ ကြောင်း၊ သို့သော်  ရှေ့နောက်ဆက်စပ်မှု မရှိကြောင်း၊   ဥပဒေတွင်     လိုချင်သည့် အကြောင်းအရာတစ်ခုတည်းကို ဆွဲထုတ် ၍ မရကြောင်း၊   သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းပုဂ္ဂိုလ်ကို အပ်နှင်းထားသည့် အခါ  တာဝန်နှင့်    လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ် သည်ဟု  မှတ်ယူခြင်းမရှိစေရဆိုသည့် ကန့်သတ်ချက်များ   ပါရှိကြောင်း၊   ၎င်း ကန့်သတ်ချက်များကို      ဖယ်ရှားပြီး  အလယ်စာကြောင်းသာ ယူသုံးခဲ့ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦး၊ အာဏာပိုင်အဖွဲ့အစည်း တစ်ခုခုကို တာဝန်ပေးလို့ရသည်ဆိုသည် ကို သုံးစွဲခဲ့ကြောင်း၊ ဥပဒေနှင့်မညီသည်ကို ကန့်ကွက်ခဲ့ကြောင်း၊ အများစုမဲဖြင့် ယင်း ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အဓိကဆိုလို သည်မှာ   ယင်း   ဥပဒေပြဋ္ဌာန်းချက်နှင့် ပတ်သက်ပြီး အရေးမကြီးကြောင်း၊ ၎င်း ဥပဒေတွင် အခန်း ၅ ခန်း   ပါရှိကြောင်း၊ အခန်း ၁  ခန်းတွင် စာကြောင်းရေ ၁၀ ကြောင်း၊ ၁၅ ကြောင်းထက်မပိုကြောင်း၊ ရည်ရွယ်ချက်နှင့် လုပ်ပိုင်ခွင့်များပါကြောင်း၊ ပြဋ္ဌာန်းလိုက်ပြီးနောက်   နိုင်ငံတော် ပြန်တမ်းပါထုတ်ကြောင်း၊ ၎င်းပြန်တမ်း တွင်    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသည် သမ္မတနှင့် ဒုသမ္မတကြားတွင် ရှိသည်ဟု protocol တွင်  ထည့်သွင်းခဲ့ ကြောင်း၊  အခြေခံဥပဒေပုဒ်မ  ၅၉   ကို ချိုးဖောက်ရာရောက်ကြောင်း၊   အခြေခံ ဥပဒေ ပုဒ်မ ၅၉ တွင် သီးခြားပြဋ္ဌာန်းထား ကြောင်း၊ သမ္မတနှင့် ဒုသမ္မတ၏  အရည် အချင်းကို ပြဋ္ဌာန်းထားသောအချက်များရှိ ကြောင်း၊ က မှ ဆအထိ  အပိုဒ်  ခုနစ်ပိုဒ် ရှိကြောင်း၊ ၎င်းခုနစ်ပိုဒ်ထဲတွင် ၅၉ (စ)ပါရှိကြောင်း၊  ၅၉(စ) တွင် သမ္မတနှင့် ဒုသမ္မတသည် မိမိ၏ခင်ပွန်း၊ ဇနီး၊ သား သမီးများနှင့် ကန့်သတ်ထားကြောင်း၊ ၎င်း ဥပဒေပုဒ်မကို   ကျော်လွန်မရကြောင်း၊ ဥပဒေအရ   အငြင်းပွားမှုများရှိကြောင်း၊ ပထမအဆင့်အနေဖြင့် ပုဒ်မ ၂၁၇ အရ မိမိလိုရာကို     ဆွဲယူ၍   အများစုဆန္ဒ ဖြင့်  ပြုလုပ်ခဲ့ကြောင်း၊   ပေါ်ပေါ်ထင်ထင် ချိုးဖောက်မှုအနေဖြင့် သမ္မတနှင့်ဒုသမ္မတ ကြား protocol ဝင်လိုက်ခြင်းဖြင့် ကန့်သတ် ထားသည့် ပုဒ်မ ၅၉(စ)ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ    ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြား သည်။


သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုး ဟိန်းက ဒုတိယမေးခွန်း  မေးမြန်းလိုပါ ကြောင်း၊ ဗိုလ်ချုပ်တို့ပြသခဲ့သည့် ABSDF လက်ကျန်ခွဲထွက် ခင်ကျော်၏ ဖွင့်ဟဝန်ခံ ချက်နှင့် ပတ်သက်ပြီး  မိမိသိခဲ့သည်ကို ရှင်းပြလိုကြောင်း၊ ABSDF အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့သည်မှာ   ကျောင်းသား သမဂ္ဂမှ မိုးသီးဇွန်နှင့် မင်းကိုနိုင်တို့ လမ်းသုံး သွယ်ခွဲပြီး    ကျောင်းသားတပ်မတော် ထူထောင်ရန် ကြိုးစားခဲ့ကြောင်း၊ နဝတမှ ၁၈ရက်နေ့တွင်  အာဏာသိမ်းသည့်အခါ ထိုင်းနယ်စပ်ကို ထွက်ခွာခဲ့ကြောင်း၊ မိမိ နှင့်  မိုးသီးဇွန်က  တစ်ဖွဲ့၊    ဝင်းမိုးနှင့် အောင်နိုင်က တစ်ဖွဲ့ဖြစ်ကြောင်း၊ ဝင်းမိုး နှင့်အောင်နိုင်က ထိုင်းနိုင်ငံကို ရောက်ရှိ သွားခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ဦးသန့်ဈာပန ကျောင်းသားခေါင်းဆောင် ထွန်းအောင် ကျော်က အရင်ရောက်နေကြောင်း၊ မိမိနှင့် မိုးသီးဇွန်မှာ မရောက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့က  လူဘောင်သစ်   ဒီမိုကရက်တစ် ပါတီကို ထူထောင်ခဲ့ကြောင်း၊ ထိုအချိန် တွင် ဝင်းမိုးနှင့် အောင်နိုင်တို့က ထွန်းအောင် ကျော်ကို ဥက္ကဋ္ဌရွေးပြီး မမျှော်လင့်ဘဲဥက္ကဋ္ဌ ဖြစ်လာကြောင်း၊ ထိုမှစ၍  ABSDF ကို စတင်ထူထောင်ခဲ့ကြောင်း၊    အစမှာပင် ပြဿနာဖြစ်ခဲ့ကြောင်း၊ ABSDF ဆိုသည့် ကျောင်းသားတပ်မတော်သည်    ကမ္ဘာ့ ပထမဆုံး ကျောင်းသားတပ်မတော်ဟူ၍ ဂုဏ်ယူခဲ့ကြောင်း၊   သို့သော်   ထိုစဉ်က ခေါင်းဆောင်ခဲ့သည့်   ကျောင်းသားများ သည်   တက္ကသိုလ်ကျောင်းသားများသာ ဖြစ်ကြောင်း၊ နိုင်ငံရေးအသိရှိသော လူ များသာဖြစ်ကြောင်း၊ ABSDF အဖွဲ့သည် ၎င်းအချိန်က    နိုင်ငံရေးပုံသဏ္ဌာန်ရှိ ကြောင်း၊   မိမိတို့အဖွဲ့သည်     KNU လက်အောက်ခံ မဖြစ်ခဲ့ကြောင်း၊ မိုးသီးဇွန် တို့သည် KNU လက်အောက်မှ ရုန်းထွက် သည့်အခါ  တနင်္သာရီဘက်ကို   တပ်ရွှေ့ မည်ဆိုပြီးသွားသည့်အခါ   အကုန်လုံး အဖမ်းခံခဲ့ရပြီး သေဒဏ်ပေးခံရကြောင်း၊ အသတ်မခံရဘဲ       ပြန်လွှတ်ပေးခဲ့ ကြောင်း၊  ကျောင်းသားတပ်မတော်တောင် မအောင်မြင်ခဲ့ပါကြောင်း။


ရပ်တည်၍မရ


မြောက်ပိုင်း ပါဂျောင်တွင်   လူသတ်ပွဲ လုပ်ခဲ့သည့် သံချောင်းတို့ကဲ့သို့    ရပ်ကွက် လူမိုက်ဆန်ဆန်      ကျောင်းသားတပ်မတော် ဆိုင်းဘုတ်ကြီး   ရောက်ရှိခဲ့ရကြောင်း၊ ၁၉၉၂ တွင် နိုင်အောင်အဖွဲ့နှင့် မိုးသီးဇွန် အဖွဲ့    နှစ်ဖွဲ့ကွဲခဲ့ကြောင်း၊    ခင်ကျော်က နိုင်အောင်အဖွဲ့တွင် ပါခဲ့ကြောင်း၊ မိုးသီး ဇွန်လည်း ရပ်တည်၍မရတော့ကြောင်း၊ KNU နှင့် ပြေလည်သည့်   ရခိုင်သန်းဝင်း တို့၊ နိုင်အောင်တို့   အာဏာရလာကြောင်း၊ ကျောင်းသားတပ်မတော်မှာ KNU လက် အောက်ခံဖြစ်ခဲ့ရကြောင်း၊ ၂၀၀၁ တွင် မိုးသီးဇွန်လည်း အမေရိကသို့  ခိုလှုံသွား ကြောင်း၊ နှစ်ဖက်စလုံး  သဘောတူမည့် သံခဲကိုကြားချပြီး ABSDF ဆိုင်းဘုတ်ကြီး ကို ထားခဲ့ရကြောင်း၊ သံခဲနှင့် မျိုးဝင်းက ကျောင်းသားများဖြစ်သည့်အတွက် နိုင်ငံ ရေးအမြင်ရှိကြောင်း၊ ၂၀၁၂ က ဦးအောင် သောင်းနှင့်တွေ့ခဲ့ကြောင်း၊ ၂၀၁၂ ဒီဇင်ဘာ တွင် ဦးအောင်မင်းနှင့် တွေ့ခဲ့ကြောင်း၊ MBC နှင့်တွေ့ပြီး ၂၀၁၅ မှာ KNU နှင့် အတူ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် NCA ထိုးနိုင်ခဲ့ကြောင်း၊ ၈ ဖွဲ့မြောက်တွင် ABSDF အဖွဲ့ ပါလာခဲ့ကြောင်း၊ ခင်ကျော် သည်  မြောက်ပိုင်း   ပါဂျောင်တွင်  ကျောင်းသားတစ်ရာကျော်ကို    နဝတ သူလျှိုအဖြစ်  စွပ်စွဲခံရကြောင်း၊ လက်ရှိ PDF အဖွဲ့သည်လည်း ယင်းပုံစံမျိုးဖြစ် လာနိုင်ကြောင်း၊ သံချောင်းသည်လူမိုက် ဖြစ်ပြီး   ကျောင်းသားလည်း   မဟုတ် ကြောင်း၊  KIA   နှင့်    အဆင်ပြေ၍ ခေါင်းဆောင်ဖြစ်လာကြောင်း၊ သံချောင်း က နဝတသူလျှိုဆိုပြီး လူတစ်ရာကျော်ကို စွပ်စွဲကာ   သုံးဆယ့်ငါးဦးကို   ဖမ်းပြီး ရှစ်ဆယ်ကျော်    ထိန်းသိမ်းခဲ့ကြောင်း၊ သုံးဆယ့်ငါးဦးကို သတ်မည်လုပ်ပြီး လူ နှစ်ဆယ်ကျော်ကို လူမဆန်စွာ ရိုက်နှက် ပြီး   ပြန်လွှတ်ပေးခဲ့ကြောင်း၊     ပါဂျောင် လူသတ်ပွဲကြောင့်   ABSDF   Image ကျဆင်းခဲ့ရကြောင်း။ 
ဖြုတ်၊ ထုတ်၊ သတ်တွင် ကျန်ခဲ့သည့် ခင်ကျော်တို့က NCA လက်မှတ်ထိုးသည့် ကိစ္စကို သဘောမတူဘဲ KNU တပ်မဟာ (၅) နယ်မြေ ဝေါလေကို    ထွက်ပြေးခဲ့ ကြောင်း၊   ၎င်းတို့သည် ယခုလိုကာလမျိုး ကို  စောင့်နေတာဖြစ် ကြောင်း၊ ကြောင်ခံ တွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးဆို သလို ဖြစ်သွားကြောင်း၊ ခင်ကျော်တို့ တပ်မဟာ (၅)  အဖွဲ့သည် ကြောင်ခံတွင်း ပျက်များဖြစ်ကြောင်း၊ PDF အဖွဲ့သည် ကျောင်းသား အယောင်ဆောင်များဖြစ်ပြီး ရပ်ကွက်လူမိုက်များ၊ ဆက်ရက်တောင်ပံ ကျိုးများသာ    ဖြစ်ကြောင်း၊    ခင်ကျော် က အကြမ်းဖက်ဗုံးခွဲသည့်နည်းများကို သင်တန်းပို့ချပေးကြောင်း၊   မိမိ အနေဖြင့် ခင်ကျော်ကို ရှုတ်ချခြင်းမဟုတ်ကြောင်း၊ နိုင်ငံရေးသဏ္ဌာန်မရှိကြောင်း၊  ဗိုလ်ချုပ်တို့    ပြသခဲ့သည့်   video clip  များကို ကြည့်သည့်အခါ အကုန်နောင်တရနေကြောင်း၊  ဖမ်းမိသွားမှ   နောင်တ ရနေကြောင်း၊ ပြတ်ပြတ်သားသား အရေးယူသင့်ကြောင်း၊  ယခု   Gen-z   များ၊ ကျောင်းသားလေးများ နောင်တရသည်ဆိုသည်ကို  လက်ခံပါ ကြောင်း၊ ဒီနေ့ ဒီအချိန်ကို အခွင့်ကောင်းယူရန်စောင့်နေသည့်   ခင်ကျော် ကဲ့သို့၊ သေဆုံးသွားသည့် သံချောင်းတို့ကဲ့သို့ ပုဂ္ဂိုလ်များက “ ကျွန်တော် တို့ နောင်တရသွားပါပြီ၊  မှားခဲ့ပါတယ်”  ဆိုသည်မှာ   ဖမ်းမိသွား၍ ပြောခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်သမားဖြစ်သည့် ရန်သူနှင့် အလင်း ဝင်လာသည့်သူများကို  ခေါင်းစဉ်ခွဲခြားပြီး  စိစစ်ရန်လိုအပ်ကြောင်း၊ ခင်ကျော်တို့ကဲ့သို့ အကြမ်းဖက်သမားများ၊ ABSDF လက်ကျန်ခွဲထွက် အကြမ်းဖက်သမားများ တောထဲ၌ များစွာကျန်နေဦးမည်ဖြစ်ကြောင်း၊    ဒုတိယ ခင်ကျော်၊ ဒုတိယသံချောင်းတို့၊   ဒုတိယ ထွန်းတောက်နိုင်တို့ ထပ်လာဦးမည်ဖြစ် ကြောင်း၊ မိခဲ့လျှင်လည်း “ ကျွန်တော်တို့ မှားပါပြီ” ဟု ပြောဦးမည်ဖြစ်သည့်အတွက် ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်သို့မူဝါဒချမှတ်ပြီး ဆောင်ရွက် သွားမည်ကို ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း မေးမြန်းသည်။ 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုလို သမိုင်းကြောင်းနှင့်ချီပြီး    ရှင်းပြ သည့်အတွက် ပိုပြီးပြည့်စုံပါကြောင်း၊ ဦးမိုးဟိန်းတို့  အနေနှင့်လည်း ၁၉၈၈ အရေးအခင်းကတည်းက  ဗကပတွင်   မိုးသီးဇွန်တို့၊ ကိုကိုကြီး တို့နှင့်  တွဲလုပ်ခဲ့သည့်လူများဖြစ်ကြောင်း၊  ကျောင်းသားသမဂ္ဂများ၊ ABSDF နှင့် ထဲထဲဝင်ဝင်လုပ်ခဲ့သည့်လူများ ဖြစ်သည့်အတွက်   ပိုပြီးသိပါ ကြောင်း၊ ယခုပြသသွားသည့် အချို့ video file   များတွင်  နောက်က  လိုက်လုပ်နေသည့်သူ တစ်ယောက်မှ မပါပါကြောင်း၊ ခေါင်းဆောင်များသာ ဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းမိသည့်လူများထဲတွင် လှုံ့ဆော်သည့်သူ များမပါဘဲနှင့်   အမှန်တကယ်   နောက်က    လိုက်လုပ်နေကြသူများ    ရှိကြောင်း၊ ၎င်းတို့ကို စစ်ဆေးမေးမြန်းသည့်အခါတွင်လည်း အချိန်ကို   ငဲ့ကွက်သောအားဖြင့်  မိမိတို့  စစ်ဆေးမေးမြန်းမှုများကို   အစုံမပြသ ပါကြောင်း၊  အချို့က  အမှန်တကယ်နောင်တရနေသည့်    အဖွဲ့များရှိ ကြောင်း၊ ကျောင်းသားအမည်ခံ  လုပ်နေသည့်သူ    များပါကြောင်း၊ ဦးမိုးဟိန်း  ထောက်ပြသွားသည့်အချက်လည်း    တန်ဖိုးရှိပါကြောင်း၊   ထို့အပြင်  ငွေကြေးရသဖြင့် လုပ်ဆောင်သည့်အဖွဲ့များလည်း ရှိကြောင်း၊ သာမန်အားဖြင့်  ဗုံးခွဲသည်ဆိုသည့်သူများကို   ဖမ်းမိလိုက်သည့်အခါ အများအားဖြင့် လက်လုပ်လက်စားများဖြစ်ကြကြောင်း၊ ခိုင်းသည့်လူ များတွင် ဒုတိယအဆင့်ခိုင်းသည့်  လူ၊  တတိယအဆင့်ခိုင်းသည့်   လူ စသည်ဖြင့်ရှိကြောင်း၊ ငွေရေးကြေးရေး နှင့်ပတ်သက်ပြီး ထောက်ပံ့ပေးမှု တစ်စုံတစ်ရာရှိလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် အဆင့်ဆင့်  ခေါင်းပုံဖြတ် သွားသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့  ရရှိထားသည်ဆိုသည့် ဒေါ်လာ ၉ သန်းလို ကိစ္စမျိုးရှိကြောင်း၊  ဦးမိုးဟိန်း  ပြောသွားသည့်အထဲတွင် ယင်းတို့နှင့်ပတ်သက်ပြီး သွားရောက် တွေ့ဆုံသည့်အခါ   ၎င်းတို့၏   လိုလိုလားလားပြောပြချက်များဖြစ်ကြောင်း၊ ပုံများတွင်လည်း ကြည့် လျှင် တွေ့နိုင်ပါကြောင်း၊ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးစရာအကြောင်း လည်း မရှိပါကြောင်း၊ အချို့ကလည်း မိပြီးမှနောင်တရကြောင်း ပြောဆို မှုများလည်းရှိကြောင်း၊ ဥပဒေနှင့် အညီသာ    ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊  ၎င်းတို့၏    ကျူးလွန်ခဲ့သည့် ပြစ်မှုများ၊     ဆောင်ရွက်ချက်များ၊ လုပ်ဆောင်မှုများအပေါ် မူတည်ပြီး ဥပဒေ အရဆောင်ရွက်သွားမည် ဟုသာ ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။


(ဆက်လက်ဖော်ပြပါမည်)