နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာ ပေးအပ်

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၄
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စ ရာရှန်ရဲ့စ်ဘူလာတိုဗာသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာ ကို ပေးအပ်သည်။
 
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းတို့ တက်ရောက်ကြသည်။
 
သတင်းစဉ်