သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေး သင်တန်းဖွင့်လှစ်မည့်ရက် ရွှေ့ဆိုင်း

 

ရန်ကုန်   ဇူလိုင်   ၁၅


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြီးမှူးဖွင့်လှစ်မည့် သတင်းမီဒီယာသမားများအရည်အသွေး မြှင့်တင်ရေးသင်တန်းကို မူလက ဇူလိုင် ၂၀ ရက်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားနေသည့် အခြေအနေများကြောင့် ရောဂါပြန်လည်ထိန်းချုပ်နိုင်သည့်ကာလမှသာ သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြန်လည်ဖွင့်လှစ်မည့်နေ့ရက်ကို သင်တန်း များထံသို့ ကြိုတင်အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။            

သတင်းစဉ်