အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၁၅


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ၂၀၂၁ ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို   ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ  နေပြည်တော်  ပုဗ္ဗသီရိမြို့ နယ် အ-ထ-က (၂၀) ကျောင်းဝင်း မြေနေရာ၌ ကျင်းပသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထဲ ရေးဝန်ကြီးဌာန    အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်          ဦးမြင့်သန်းက ခရေပင်ကို စိုက်ပျိုးပေးပြီး ရုံးချုပ်၊ ခရိုင်၊    မြို့နယ်ဝန်ထမ်းများက အရိပ်ရအပင်များကို   စိုက်ပျိုးကြ သည်။


ထို့နောက်  ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်သန်းနှင့်     တာဝန်ရှိသူ များက    သစ်ပင်စိုက်ပျိုးနေကြ သည့်     အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ      ဝန်ထမ်းများနှင့် မိသားစုများကို    ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။


အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၏   မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတွင် ခရေ၊ ပိတောက်၊ မဟော်ဂနီ၊ မဲဇလီ၊   စိန်ပန်းနီ၊  အော်ရေးရှား နှင့်    ယူကလစ်  စုစုပေါင်းအပင် ၄၀၀  စိုက်ပျိုးပေးခဲ့ကြောင်း သိရ သည်။


သတင်းစဉ်