ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အောင်မြင့်မိုရ် ကိုဗစ်-၁၉ ကုသရေးစင်တာ မကြာမီဖွင့်လှစ်မည်

 

ရန်ကုန်  ဇူလိုင်   ၁၄ 


ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်         အောင်မြင့်မိုရ်  ကိုဗစ်-၁၉ ကုသရေးစင်တာ မကြာမီဖွင့်လှစ်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဇူလိုင် ၁၄ ရက်  မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး  မင်္ဂလာခန်းမ၌ ကျင်းပ သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက  အောင်မြင့်မိုရ်အိမ်ရာ အား မြန်မာနိုင်ငံ ဆောက်လုပ်ရေးကန်ထရိုက်တာ
များအသင်းမှ ဦးဆောင်၍ ကိုဗစ်-၁၉ လူနာ ကုသရေး စင်တာအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ရာ ဌာန ဆိုင်ရာများနှင့် ဆရာဝန်ကြီးများ၊  စေတနာရှင်အသင်း အဖွဲ့များနှင့်         ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း    ပြောကြား သည်။


ထို့နောက် အောင်မြင့်မိုရ်စင်တာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ  ၂၈၀၀   ထားရှိနိုင်ရန်  အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ
ပြင်ဆင်ထားရှိပြီးစီးမှုများ၊    လူနာများထားရှိမည့် အခန်းများသို့ အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်း တပ်ဆင်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ   ဦးထွန်းနိုင်ကိုနှင့်   တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍   တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက အောင်မြင့်မိုရ် ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ် နိုင်ရေး ဆွေးနွေးကြသည်။


ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက   ကိုဗစ်-၁၉  ရောဂါ လူနာများ အတွက် အောက်ဆီဂျင်လိုအပ်မှုများစွာရှိကြောင်း ၊ သို့ဖြစ်၍ လိုအပ်နေသော   အောက်ဆီဂျင်ရရှိရေး  အတွက် အလှူရှင်များ၏ ပံ့ပိုးကူညီလှူဒါန်းမှုများ ဖြင့်   ပြည်ပနိုင်ငံများမှ  မှာယူတင်သွင်းလျက်ရှိရာ မကြာမီရက်များအတွင်း ရန်ကုန်သို့ Liquid Oxygen  တန် ၂၀ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ဆက်တိုက် တန် ၅၂၀ ရောက်ရှိလာမည်ဖြစ်သဖြင့် ရန်ကုန်မြို့ရှိ ဆေးရုံ ၊ စင်တာများတွင် လိုအပ်နေသော အောက်ဆီ ဂျင်များကို ဖြည့်တင်းပေးမည့်အပြင် ပြည်သူများသို့ လည်း အခမဲ့လှူဒါန်းဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆန်းကျော်ဦး (ပြန်/ဆက်)