တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

 

နေပြည်တော်    ဇူလိုင်   ၁၀


ပြည်သူလူထုအတွက်   အဓိက အကျဆုံးဖြစ်သော  ကျန်းမာရေး ကဏ္ဍ        မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများဖြင့်   ဝိုင်းဝန်း ကူညီဆောင်ရွက်    ပေးလျက်ရှိ သည့်အပြင်     ပြည်သူလူထု၏ အရေးပေါ်  ကျန်းမာရေးဆိုင်ရာ ကုသမှုများ    ဆောင်ရွက်ပေးနိုင် ရန်အတွက်   တပ်မတော်ဆေးရုံ များနှင့်     ယာယီကုသရေးဆေးရုံ များ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက် မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၉၂၉၇  ဦးနှင့်   အတွင်းလူနာ ပေါင်း ၇၈၁၈၅   ဦးတို့ကို ကုသ ပေးနိုင်ခဲ့သည်။


ယင်းလူနာများအနက် အကြီး စား     ခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၄၉၀၊ အသေးစားခွဲစိတ် ကုသ ရန်လိုအပ်သူ ၆၆၄၃ ဦး၊ စုစုပေါင်း ၁၉၁၃၃ ဦးတို့ကို   ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာ ရှိသည့် လူနာများကိုလည်း ပါရဂူ များ၊ ဆေးမှူးများဖြင့်    အထူး ကြပ်မတ်ကုသပေးလျက်ရှိသည်။ 


ထို့ပြင်  ကလေးမီးဖွားလူနာ ၆၃၄၄ ဦးကို     ခွဲစိတ်၍လည်း ကောင်း၊ ၈၉၈၄ ဦးကို သာမန်ဖြင့် လည်းကောင်း    မွေးဖွားပေးနိုင်ခဲ့ ခြင်းကြောင့် ယနေ့အထိ ကလေး ငယ် ၁၅၃၂၈ ဦးကို   အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော် အနေဖြင့်         ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ   မြင့်မားရေး တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။              

 သတင်းစဉ်