
ရန်ကုန် ဇူလိုင် ၉
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှု ထိန်းချုပ်နိုင်ရန်နှင့် ကုသရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး
ရှေးဦးစွာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက လတ်တလောတွင် ရောဂါကူးစက်မှုနှုန်း မြင့်မားလာ သည့်အတွက် ပြည်သူလူထု အတွင်း ကူးစက်မှုနှုန်း ထိန်းချုပ် နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပျက် ထိထိ ရောက်ရောက် ဆက်လက်ဆောင် ရွက်သွားနိုင်ရန်နှင့် ပြည်သူလူထု အတွင်း ဖြစ်ပေါ်နေသော အခက် အခဲများကို အားလုံးဝိုင်းဝန်း ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှနှင့် ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း ၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဥက္ကဋ္ဌများက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ထိတွေ့ ကူးစက်ခံရသူများအား ဆေးရုံများနှင့် စင်တာအသီးသီး တွင် လက်ခံကုသပေးနေမှုများ၊ ထပ်မံကူးစက် ခံရသူများကို လက်ခံကုသပေးနိုင်ရေးအတွက် ဆေးရုံများ၊ စင်တာများတွင် အိပ်ရာ၊ ခြင်ထောင်များနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အစားအသောက် ကျွေးမွေးရေး နှင့် အောက်ဆီဂျင် လိုအပ်နေမှု များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ပိုးတွေ့ လူနာများနှင့် ထိတွေ့ဆက်စပ်သူ များ၊ သံသယရှိသူများထားရှိနိုင်ရေး ခရိုင်(၄)ခရိုင်အတွင်းရှိ မြို့နယ် ၃၉ မြို့နယ်၌ Community Base Facility Quarantine (CBFQ) ပြင်ဆင်ထားရှိမှုများ၊ ပြည်ပနိုင်ငံများမှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသူ များအတွက် ပြင်ဆင်ဆောင်ရွက် ထားသည့် အခြေအနေများ၊ ဆေးရုံများနှင့် စင်တာများတွင် အောက်ဆီဂျင် လုံလောက်စွာ ရရှိရေးစီမံ ဆောင်ရွက်နေမှု အခြေအနေများ၊ စျေးကစားရန် အောက်ဆီဂျင်အိုးများ ဝယ်ယူ သိုလှောင်နေသူများကို အရေးယူ မည့် အစီအစဉ်များနှင့် ကဏ္ဍ အလိုက် လိုအပ်ချက်များကို အသေးစိတ် ရှင်းလင်းတင်ပြ ကြသည်။
အရေးယူမည်
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များဖြစ်သည် ဗိုလ်မှူးကြီးဝင်းတင့်၊ ဦးဇော်ဝင်းနှင့် တက်ရောက်လာသူ များက ကုသရေးအပိုင်းများ၊ လိုအပ်သော ဆေးပညာရှင်များ၊ Volunteer စုဆောင်းထားရှိမှုများ၊ ဆေးရုံများနှင့် ကိုဗစ်စင်တာ အခြေအနေများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။ ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ပြည်သူလူထုအတွင်း ကူးစက်မှု မရှိစေရေးအတွက် မင်္ဂလာဒုံ၊ မှော်ဘီ၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ မင်္ဂလာ တောင်ညွန့်၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဗဟန်း၊ မရမ်းကုန်းမြို့နယ်များတွင် ရောဂါ ဖြစ်ပွားမှုနှုန်းကို စောင့်ကြည့်ပြီး Stay at Homeအဖြစ် သတ်မှတ် ခဲ့ပြီးဖြစ်ကြောင်း၊ လူစုလူဝေးဖြင့် အခမ်းအနားများ၊ ပွဲလမ်းသဘင် ဆောင်ရွက်ခြင်း မပြုရန်နှင့် လိုက်နာမှု မရှိသူများကို ထိထိ ရောက်ရောက်အရေးယူမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ စစ်ဆေး
ပေးနိုင်သည့် မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနများ၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဖွင့်လှစ်ပေး ထားသည့် အခြေအနေများ၊ အောက်ဆီဂျင် ရရှိရေးတို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန် /ဆက်)