နေပြည်တော်  ဇူလိုင်  ၆
မန္တလေးတိုင်းဒေသကြီး     ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော    ဒေါက်တာဇော်မြင့်မောင်နှင့်   တာဝန်ရှိသူများ၏  ဆောင်ရွက်မှုများတွင်  အဂတိ လိုက်စားမှုများရှိသောကြောင့်   ဥပဒေနှင့်အညီ လိုအပ်သလို        စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍     အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က   စုံစမ်းစစ်ဆေးရေး အဖွဲ့  ဖွဲ့စည်းစစ်ဆေးခဲ့သည်။ 
တံစိုးလက်ဆောင်အဖြစ်လက်ခံရယူခဲ့
	စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်  အရ  မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည်    နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မန္တလေးတိုင်းဒေသကြီးအတွင်း  စီမံကိန်းဧရိယာနှင့်ဆက်စပ်သည့်  လယ်ယာမြေ များကို အခြားနည်းသုံးစွဲခွင့်ရရှိရေးနှင့်  စီမံကိန်း လုပ်ငန်းများ    ဆက်လက်လုပ်ကိုင်နိုင်ရေးတို့ အတွက်ဆောင်ရွက်ရသည့်  ဆက်စပ်ကုမ္ပဏီတစ်ခု ထံမှ ၂၀၁၉ ခုနှစ်   စက်တင်ဘာလတွင်   ထိုင်း ဘတ်ငွေ တစ်သိန်းနှင့်  ၂၀၂၀ ပြည့်နှစ်  ဖေဖော်ဝါရီ လတွင် ထိုင်းဘတ်ငွေ နှစ်သိန်း  စုစုပေါင်း  ထိုင်း ဘတ်ငွေ သုံးသိန်းပေးအပ်ခြင်းကို  တံစိုးလက်ဆောင် အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်း ဖြစ်ကြောင်း။
	ဝန်ကြီးချုပ်ဟောင်း  ဒေါက်တာဇော်မြင့်မောင် သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို  လုပ်ကိုင်ဆောင်ရွက်နေသော  ကုမ္ပဏီ  တစ်ခုက ဆေးကုသစရိတ်အကြောင်းပြ၍  ၂၀၁၉ ခုနှစ်တွင် ငွေကျပ် သိန်း ၃၅၀၊  ၂၀၂၀ ပြည့် နှစ်တွင် ငွေကျပ်သိန်း ၃၀၀  စုစုပေါင်း ငွေကျပ် သိန်း ၆၅၀ ပေးအပ်ခြင်းကို  တံစိုးလက်ဆောင်အဖြစ် လက်ခံ ရယူခဲ့ခြင်းသည်   ရာထူးတာဝန်ကို  အလွဲသုံးစားပြု ၍ အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်ကြောင်း။
	ဝန်ကြီးချုပ်ဟောင်း  ဒေါက်တာဇော်မြင့်မောင် သည်   နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က  ၂၀၁၉ ခုနှစ်အတွင်း  ထိုင်းနိုင်ငံ  ဘန်ရွမ်ဂရက်(စ်)ဆေးရုံ တွင် ဆေးကုသမှုခံယူနေစဉ်  မန္တလေးတိုင်းဒေသ ကြီးအတွင်း         စီမံကိန်းလုပ်ငန်းများဆောင်ရွက် နေသော  လုပ်ငန်းရှင်တစ်ဦးက လာရောက်တွေ့ဆုံ ပြီး ဆေးကုသစရိတ်အကြောင်းပြ၍ အမေရိကန် ဒေါ်လာ တစ်သိန်းကို သုံးကြိမ်ခွဲ၍ ပေးအပ်ခဲ့ခြင်း ကို  တံစိုးလက်ဆောင်အဖြစ်   လက်ခံရယူခဲ့ခြင်း သည် ရာထူးတာဝန်ကို  အလွဲသုံးစားပြု၍  အဂတိ လိုက်စားမှုကျူးလွန်ခြင်းဖြစ်ကြောင်း။
	ဝန်ကြီးချုပ်ဟောင်း   ဒေါက်တာဇော်မြင့်မောင် သည်  နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က  ၂၀၁၉ ခုနှစ်အတွင်း   နိုင်ငံတော်အစိုးရက   စီမံခန့်ခွဲခွင့်ရှိ သည့် မြေနေရာ  သုည ဒသမ ၀၁၇၁ ဧက ကို  မြင်းခြံ ခရိုင်/မြို့နယ်  NLD ပါတီရုံးအတွက် ချထားပေး ခဲ့ရာ  ပြည်တွင်းအခွန်များဦးစီးဌာန၏    တွက်ချက် မှုအရ အနည်းဆုံးကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၉၄၁ သိန်း    တန်ဖိုးရှိသောမြေကွက်အား   တည်ဆဲဥပဒေစည်းမျဉ်းများကို  ဖောက်ဖျက်၍  တန်ဖိုးငွေကျပ် ငါးသိန်းကျော်ကိုသာ   ပေးသွင်းစေ ခဲ့သဖြင့်   နိုင်ငံတော်မှ  ငွေကျပ်သိန်း ၉၃၀ ကျော် ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်းနှင့်  ၂၀၁၉ ခုနှစ် တွင်        အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ     ပြင်ဦးလွင်မြို့နယ်ပါတီရုံးအတွက်     နိုင်ငံတော် အစိုးရက   စီမံခန့်ခွဲရမည့်မြေ  သုည ဒသမ ၁၇၂ ဧကကို  ခွင့်ပြုချထားပေးခဲ့ရာ  ပြည်တွင်းအခွန်များ ဦးစီးဌာနမှ  အနည်းဆုံးကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၂၅၈၀ တန်ဖိုးရှိသော မြေကွက် အတွက်      တည်ဆဲဥပဒေစည်းမျဉ်းများကို ဖောက်ဖျက်၍ ငွေကျပ် ၆၁  သိန်း ကျော်ကိုသာ    မြေဖိုးပေးသွင်းစေခဲ့ရာ   နိုင်ငံတော်မှ  ငွေကျပ် သိန်း ၂၅၀၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ကြောင်း။
တရားစွဲဆို အရေးယူနိုင်ရေး
ခေတ္တဝန်ကြီးချုပ်အဖြစ်       ဆောင်ရွက်ခဲ့သူ လျှပ်စစ်၊ စွမ်းအင်နှင့်  ဆောက်လုပ်ရေးဝန်ကြီး ဟောင်း  ဦးဇာနည်အောင်သည်   နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ      အောင်မြေသာစံမြို့နယ်ရုံးအတွက် နိုင်ငံတော်အစိုးရက  စီမံခန့်ခွဲရမည့် မြေနေရာ သုည  ဒသမ  ၂၁၆၄ ဧက  ချထားပေးခဲ့ရာတွင်  ပြည်တွင်းအခွန်များဦးစီးဌာနမှ     အနည်းဆုံး ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၃၁ သိန်း တန်ဖိုးရှိသော မြေကွက်ကို တည်ဆဲဥပဒေစည်း မျဉ်းများကို ဖောက်ဖျက်၍ မြေဖိုးငွေကျပ် သိန်း ၁၁၀ ကျော်သာ    ပေးသွင်းစေခဲ့သဖြင့်    နိုင်ငံတော် မှ   ငွေကျပ်သိန်း  ၈၁၀  ကျော် နစ်နာဆုံးရှုံးစေခဲ့ ကြောင်းနှင့်      ချမ်းအေးသာစံမြို့နယ်  NLD ပါတီရုံးမြေနေရာအတွက် သုည ဒသမ ၀၈၂၆ ဧကကို ချထားပေးခဲ့ရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက အနည်းဆုံးကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၅၉၅ သိန်း  တန်ဖိုးရှိသောမြေကွက်အားတည်ဆဲဥပဒေစည်းမျဉ်းများကို     ဖောက်ဖျက်၍ ငွေကျပ် ၅၃ သိန်းကျော်ကိုသာ မြေဖိုးပေးသွင်းစေ ခဲ့ရာ    နိုင်ငံတော်မှ  ငွေကျပ်သိန်း  ၅၄၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ကြောင်းတို့   စစ်ဆေးပေါ်ပေါက် သဖြင့်  ဝန်ကြီးချုပ်ဟောင်း  ဒေါက်တာဇော်မြင့် မောင်နှင့်  ဝန်ကြီးဟောင်း  ဦးဇာနည်အောင်တို့ အပေါ်    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ    ပုဒ်မ  ၅၅  အရ   မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အမှတ်(၁)  နယ်မြေရဲစခန်း ၌     ဇူလိုင်  ၆  ရက်တွင်ပထမသတင်းပေးတိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေးဆောင် ရွက်လျက်ရှိကြောင်းနှင့်  စုံစမ်းစစ်ဆေးရေးအဖွဲ့မှ  သိမ်းဆည်းခဲ့သည့်   သတ္တုဖွံ့ဖြိုးရေးဘဏ်တွင်   ငွေစာရင်းဖွင့်လှစ်အပ်နှံထားသည့် ငွေကျပ် သိန်း  ၈၅၀၀ ကျော်ပါ ဘဏ်စာအုပ်နှင့် ငွေသား ကျပ်သိန်း   ၄၅၀   တို့ကို လည်းကောင်း၊   အမေရိကန်ဒေါ်လာ နှစ်သောင်းနှင့်     ထိုင်းဘတ်ငွေ      ငါးသိန်းတို့ကို လည်းကောင်း     ပဏာမစိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍  စိစစ်ဆောင်ရွက်လျက်ရှိကြောင်း   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ   သတင်းရရှိသည်။                                           
                                       
     သတင်းစဉ်
      
  
      


