ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို  ထိန်းချုပ်ရန် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်မံဝယ်ယူ


 

ဘန်ကောက် ဇူလိုင် ၆ 


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု  တိုးလာခြင်းကို  ထိန်းချုပ်ရန် ထိုင်းနိုင်ငံသည် ဖိုက်ဇာ၊ ဆီနိုဗက်နှင့် မော်ဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေးများအပါအဝင် နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဝယ်ယူရန် ဇူလိုင် ၆ ရက်က သဘောတူခဲ့သည်။ 
ဝန်ကြီးများအဖွဲ့က အမေရိကန်ပြည်ထောင်စုမှ ဖိုက်ဇာကာကွယ်ဆေး    သန်း၂၀ ကို   ယခုနှစ်၏ စတုတ္ထသုံးလပတ်အတွင်းပေးပို့ရန်နှင့်  အစီအစဉ် ဖြင့်  ဝယ်ယူရန် သဘောတူခဲ့ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာ     အကြံပေးယူ ဒန်ကာချင်သွန်က ပြောသည်။ 
ထိုင်းနိုင်ငံတွင်  ဖိုက်ဇာ  ကိုဗစ်-၁၉ ကာကွယ် ဆေးကို   ကိုဗစ်-၁၉ လူနာများအား  အများဆုံး ကိုင်တွယ်ရသည့်      ဆေးဝန်ထမ်းများအတွက်   တတိယအကြိမ်ထိုးပေးရန်   စီစဉ်ထားကြောင်း သိရသည်။
ထို့အပြင်    အစိုးရအဖွဲ့သည်    အမေရိကန် ပြည်ထောင်စုမှ   နောက်ထပ် မော်ဒါနာကိုဗစ်-၁၉ ကာကွယ်ဆေး ငါးသန်းနှင့် တရုတ်နိုင်ငံမှ ဆီနိုဗက် ကိုဗစ်-၁၉  ကာကွယ်ဆေးများကို   ဝယ်ယူရန် အတည်ပြုခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံ    တစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည်   ကိုဗစ်-၁၉  စတင်ဖြစ်ပွားချိန် ကတည်းက အဆိုးဆုံးဖြစ်သော ကိုဗစ်-၁၉ တတိယ အကျော့ကူးစက်ဖြစ်ပွားမှုကို   ထိန်းသိမ်းနိုင်ရန် ကြိုးစားလျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွား သူ ၃၀၀၀၀ အောက်မှ  ယခုအခါတွင်  သုံးသိန်းနီးပါး မြင့်တက်လာသည်။ 
ဇူလိုင် ၆ ရက်က  ထိုင်းနိုင်ငံတွင်  ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ   ၅၄၂၀   ရှိလာခဲ့ပြီး စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၄၆၅၃ ဦး အထိရောက်ရှိလာခဲ့သည်။ သေဆုံးသူပေါင်း မှာလည်း ၂၃၃၃ ဦးအထိ တိုးလာသည်။ 
ထိုင်းနိုင်ငံတွင် ဧပြီ ၂၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ဖြစ်ပွား သူ ၁၈၃၈ ဦးရှိလာခဲ့သည်။ ဒယ်လ်တာ   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက်   ၁၃၀၉    ဦးမှာ ဘန်ကောက်မှ ဖြစ်သည်။ 
ဇူလိုင် ၅ ရက်အထိ ထိုင်းနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၁ သန်းကျော် ထိုးပေး ခဲ့သည်။ ယခုနှစ်ကုန်တွင် လူဦးရေ သန်း ၇၀ နီးပါး ရှိသည့်အနက် ၇၀  ရာခိုင်နှုန်းခန့်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန်  စီစဉ်ထားကြောင်း သိရ သည်။                                            
      ဆင်ဟွာ