
နေပြည်တော် ဇူလိုင် ၆
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့၊ ဟင်္သာတခရိုင် မြန်အောင်မြို့၊ မြောင်းမြခရိုင် မြောင်းမြမြို့၊ အိမ်မဲမြို့၊ ဖျာပုံခရိုင် ဖျာပုံမြို့၊ ကျိုက်လတ်မြို့နှင့် ဒေးဒရဲမြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများကို အနောက် တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော် သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask ၁၃၈၀၀ ကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်