ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ  ဆောင်ရွက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

 

 

မြစ်ကြီးနား   ဇူလိုင်    ၆


ကချင်ပြည်နယ်အတွင်း    ကိုဗစ်-၁၉     ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်  လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊       လူမှုရေးအသင်း အဖွဲ့အသီးသီးနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု အားကောင်း   ခိုင်မာလာစေရေးအတွက်   ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက  ဇူလိုင် ၅ ရက်  နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ လူမှုရေးအသင်း အဖွဲ့များ၊ ဖောင်ဒေးရှင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ (ယာပုံ)
ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည်
ယင်းနောက် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    ဦးခက်ထိန်နန်က မိမိတို့  ကချင်ပြည်နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ ယနေ့အထိ   စုစုပေါင်း   ၁၃၂၅  ဦးနှင့်  သေဆုံးသူ ၆    ဦးထိရှိပြီဖြစ်ကြောင်း၊    ပိုးတွေ့ရှိမှုအနေဖြင့် ဇူလိုင်   ၁    ရက်မှစတင်၍     ကျဆင်းမသွားဘဲ ဆက်လက်ပြန့်ပွားလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်  ရောဂါကူးစက်ပြန့်ပွားမှု   မရှိစေရေးနှင့် ကြိုတင်ကာကွယ်     ထိန်းချုပ်နိုင်ရေးတို့အတွက် သက်ဆိုင်ရာကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအသီးသီးတို့နှင့် လူမှုကူညီရေး အသင်းအဖွဲ့များ ချိတ်ဆက်၍ အတူတကွဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ကြရန်  လိုအပ်ကြောင်းနှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊  ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်း အောင်က ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှုအခြေ အနေများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုဌာနမှ      ကိုဗစ်-၁၉    ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ပြည်နယ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များ၊ ပြည်နယ်ကော်မတီအဖွဲ့ဝင်၊ ပြည်နယ်ပြည်သူ့ ကျန်းမာ/ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း   ကုသရေး၊  ကာကွယ်ထိန်းချုပ် ရေးနှင့် ရောဂါပိုးစစ်ဆေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 
ထောက်ပံ့ပေးအပ်
ထို့နောက်  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ လူမှုရေးအသင်း အဖွဲ့များနှင့်  ဖောင်ဒေးရှင်များအတွက်  ထောက်ပံ့ ငွေကျပ် ၁၅ သိန်းနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ် မှု ကော်မတီအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 
ကချင်ပြည်နယ်အတွင်း    ကိုဗစ်-၁၉       ရောဂါ ကူးစက်ပြန့်ပွားမှုမှာ ကိုဗစ်ရောဂါပိုး စတင်ဖြစ်ပွား ခဲ့သည့် အချိန်မှစတင်၍ ယခုနှစ် ၂၀၂၁ ခုနှစ် ဇူလိုင် ၄  ရက်အထိ  ၁၃၂၅ ဦး ကူးစက်ခံရပြီး  သေဆုံးသူ  ၆   ဦးထိရှိကြောင်းနှင့်   ပြည်နယ်အတွင်း   မေလ နောက်ဆုံးပတ်မှစတင်၍ ဇူလိုင် ၄ ရက်အထိ ကိုဗစ် ရောဂါ   ထပ်တိုးကူးစက်မှုခံရသူဦးရေ    ၁၈၈ ဦး၊ သေဆုံးသူ ၄ ဦးတိုးလာကြောင်း ပြည်နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။          
       ပြည်နယ် (ပြန်/ဆက်)