ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကျင်းပ

 

 

နေပြည်တော်   ဇူလိုင်   ၆


ပညာရေးဝန်ကြီးဌာန   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို      ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ရှိ       အမှတ်(၁၁)   အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။ 
ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက  ယင်းမာပင်ကို စိုက်ပျိုးသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က    သီဟိုဠ်ပင်နှင့် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက    ပိတောက်ပင်တို့ကို စိုက်ပျိုးကြပြီး   သက်ဆိုင်ရာ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊       ဆရာ  ဆရာမများ၊ ကျောင်းသား  ကျောင်းသူများက   သတ်မှတ်ပျိုးပင် များကို စိုက်ပျိုးကြသည်။
ထို့နောက်      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်     သစ်ပင်စိုက်ပျိုးနေကြသည့်     ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို     ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယနေ့ ကျင်းပသော ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ယင်းမာပင်၊  ကျွန်းပင်၊ ပိတောက်ပင်၊   ခရေပင်၊   မဟော်ဂနီပင်၊   မဲဇလီပင်၊ ကုက္ကိုပင် စသည့်   ရတနာတန်းဝင်သစ်ပင်များနှင့် အရိပ်ရသစ်ပင်များကို စိုက်ပျိုးခဲ့ကြကြောင်း  သိရ သည်။ 
သတင်းစဉ်