ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့  တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်ကုသ

 

 

နေပြည်တော်  ဇူလိုင်   ၅


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်  သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊   ယင်းမာပင် တိုက်နယ်ဆေးရုံ၊  ညောင်ရမ်းတိုက်နယ်ဆေးရုံ၊   သပိတ်ကျင်းမြို့နယ်  တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်  စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊  မတ္တရာမြို့နယ်  ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော် တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံနှင့်  ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊  ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊  တောင်သာမြို့နယ်    ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင် များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များစေလွှတ်၍ ရောဂါ ဝေဒနာ ခံစားနေရသည့်  ဒေသခံပြည်သူများကို   လိုအပ်သည့်   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် ပေးလျက်ရှိသည်။ 
ယနေ့တွင်   ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊  နှာခေါင်း၊  လည်ချောင်းရောဂါ၊  သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့်  ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို  ဆက်လက် ဆောင်ရွက်ပေးပြီး  ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ  ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။                                 သတင်းစဉ်