
နေပြည်တော် ဇူလိုင် ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဝင်းအတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
သစ်ပင်စိုက်ပွဲ၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တို့က မဟော်ဂနီပင်ကို စိုက်ပျိုး ပေးပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ က ကျွန်းပင် ၂၀၀ ၊ ပျဉ်းကတိုး ၇၅ ပင်၊ မဟော်ဂနီ ၂၅ ပင်၊ ပိတောက်ပင် ၅၀ စုစုပေါင်း နှစ်ရှည်ပင် ၃၅၀ စိုက်ပျိုးခဲ့ သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဆည်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၅၀၀၀ ကို ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်