
ရန်ကုန် ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှ စိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ မှ တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီတွင် ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုများကို သွားရောက် ကြည့်ရူစစ်ဆေးပြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခန်းမ တွင် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်သည်။
အလေးပြုအခမ်းအနား
လေ့ကျင့်
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့သည် အာဇာ နည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာမည့် အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ မိသားစုများ ကို တွေ့ဆုံနှုတ်ဆက်မည့်နေရာ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ နှင့် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် လွမ်းသူ့ ပန်းခွေချ အလေးပြုအခမ်း အနား လေ့ကျင့်နေမှုများကို (အပေါ်ယာပုံ) ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခန်းမ တွင် ပြုလုပ်ရာ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမှာစကား ပြောကြားရာ (၇၄) နှစ်မြောက် အာဇာနည်နေ့အခမ်း အနား ကျင်းပရေး ဗဟိုကော် မတီ ၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆပ်ကော်မတီ များက ကြိုတင်ပြင်ဆင် ဆောင် ရွက်ပြီးစီးမှုများကို အနီးကပ် ကြီးကြပ်လမ်းညွှန်မှု ပေးနိုင်ရန် နှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ရှင်းလင်းဆွေးနွေး တင်ပြသည်။
ဆက်လက်၍ အခမ်းအနား ပြင်ဆင်ရေးနှင့် စီစဉ်ရေး ဆပ် ကော်မတီ၊ ဖိတ်ကြားရေး၊ပြန်ကြား ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ် ကော်မတီ၊ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား စီစဉ်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ် ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ် ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ် ကော်မတီ၊ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) အလံတင်အခမ်း အနား ကျင်းပရေး ဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ပြသရေး ဆပ်ကော်မတီတို့မှ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မည့် အစီ အစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ကိုဗစ်-၁၉ စည်းကမ်းချက်များ လိုက်နာရန်
ယင်းနောက် တက်ရောက် လာသူများက အထွေထွေဆွေးနွေး တင်ပြကြပြီး ရန်ကုန်တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နေကြသည့် ဆပ် ကော်မတီများမှ တာဝန်ရှိသူများ သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး လိုက်နာ ရမည့် စည်းကမ်းချက်များနှင့် လုံခြုံရေးကိစ္စရပ်များကို အထူး အလေးအနက်ထား လိုက်နာ ဆောင်ရွက်ရန် နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)