တရားမအထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ် (၄) မှုကို ရုံးထိုင်ကြားနာ

 

 

နေပြည်တော်   ဇူလိုင်  ၅


ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်  တရားသူကြီးများဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊  ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ်  ၉၆/ ၂၀၁၉ (မန္တလေး)နှင့် ၉၇/၂၀၁၉(မန္တလေး)ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ တရားမအထူးအယူခံမှုအမှတ် ၇၁/၂၀၁၉ (ရှမ်း)၊ ၉၅/၂၀၁၉ (ရန်ကုန်)၊ ၉၉/၂၀၁၉ (ရန်ကုန်)၊ ၁၀၇/၂၀၁၉ (မကွေး)၊ စုစုပေါင်း တရားမ အထူးအယူခံမှု ( ၄ ) မှုကို စီရင်ချက်ချမှတ်သည်။ 
ထို့ပြင် တရားမအထူးအယူခံမှု အမှတ် ၈၈/၂၀၁၉ (စစ်ကိုင်း)၊ ၉၂/၂၀၁၉ (ဧရာဝတီ)၊ ၉၃/၂၀၁၉ (ဧရာဝတီ)၊ ၃၅/၂၀၂၀ (ဧရာဝတီ)၊ စုစုပေါင်း  တရားမအထူးအယူခံမှု (၄) မှုကို  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး  ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ ကြောင်း သိရသည်။                                                 သတင်းစဉ်