ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများလှူဒါန်းရန် ပြင်ဆင်ဆောင်ရွက်

 

နေပြည်တော်   ဩဂုတ်   ၂၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို      စွန့်လွှတ် စွန့်စားလိုစိတ်  ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့် ရှေ့တန်းရောက် တပ်မတော် သားများနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက်        စေတနာရှင်       အလှူရှင်ပြည်သူများနှင့် ဝန်ကြီး ဌာနအလိုက်   ဝန်ထမ်းမိသားစု များက         အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းနိုင်ရေး ဩဂုတ် ၂၀ ရက်တွင် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက  စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက် ပြုတ်ကြော်လှော်ကြပြီး ဝန်ထမ်း မိသားစုများကိုယ်တိုင် စိတ်အား        ထက်သန်စွာဖြင့် စားသောက်ဖွယ် ရာများ ပြင်ဆင် ထုပ်ပိုးနေမှုများကို    ပညာရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊  ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် ဌာနအကြီးအကဲများက လိုက်လံ ကြည့်ရှုအားပေးကြသည်။ (ယာပုံ)
ပညာရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက    ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်  မျှင်ငါးပိ ထောင်းဘူး  ၁၀၀၀၊    မုန့်ပါကင် ၆၀၀ ၊ အသားတု ပဲပုပ်ကြော်ဘူး ၅၀၀၊   ငါးခြောက်ထောင်းကျော် ဘူး ၅၀၀၊ ငါးသေတ္တာဘူး ၅၀၀၊ ငါးပိလက်ဖက်အတွဲ ၂၀၀၊ ဆိတ် သားနှပ် ၁၃၃ ဘူး ၊ ကြက်သားဟင်း ၁၂၃ ဘူး၊ ပဲဟင်း ၁၂၈ ဘူး၊ ငါးမွှေ ချက် ၁၁၆ ဘူး၊ ငါးကြင်းပေါင်း ၁၁၂ ဘူး၊ ငါးဆုပ် ၁၁၂ ဘူး၊ ငါးပိ ထောင်းဘူး ၁၀၀၊     ဆန်ပြုတ် အထုပ် ၁၀၀၊ လက်ဖက်နှပ် အတွဲ ၅၀၊ ငါးနီတူချဉ်စပ်အတွဲ   ၅၀၊ မာမား ကြက်ဆီချက်  ဖာ  ၄၀၊ မာမား ပုစွန်ချဉ်စပ်ဖာ ၄၀၊  ငါးပိ ထောင်း ၃၆ တွဲ၊  ငါးကြင်းပဲငါးပိ ၂၄ ဘူး၊ ကော်ဖီမစ် ပါကင် ၂၀၊ တီးမစ်ပါကင် ၂၀ ၊ ငါးကြင်းစတူး ၁၈ ဘူး ၊ တူနာငါး ၁၁ ဘူး၊ ကြာဆံ ၅ ဖာ    စသည့်ပစ္စည်းတန်ဖိုး ငွေကျပ် ၁၁၅ သိန်းနှင့် ငွေသား သိန်း ၁၅၀ ဖြင့် စုစုပေါင်း ၂၆၅ သိန်းကို  ပေးပို့လှူဒါန်းသွားမည် ဖြစ်သည့်အပြင်    ဝန်ကြီးဌာနမှ အရာထမ်း၊    အမှုထမ်းများက တိုင်းပြည်အတွက်   အမြဲတမ်း အဆင်သင့်ရှိပေးခဲ့တဲ့ တပ်မတော် သားများကို  အမြဲဂုဏ်ယူလေးစား လျက်ပါ။ အားလုံး ဘုရား၊ တရား၊ သံဃာ၊  မိဘ၊  ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါ စေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ၊ တရားသောစစ်အောင်မြင်ပါစေ အစရှိသည့်  ဆုတောင်းမေတ္တာ စာလွှာများကို   ထည့်သွင်းပေးပို့ခဲ့ ကြသည်။
အဆိုပါ စားသောက်ဖွယ်ရာများ ကို တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များ၊   မော်တော်ယာဉ်များ ဖြင့် ရှေ့တန်းရောက် တပ်မတော် သားများနှင့်     လုံခြုံရေးတပ်ဖွဲ့ဝင် များ၏      လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်          ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်