ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျေးရွာ သုံးရွာမှ ဒေသခံပြည်သူ ၆၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြန့်ဝေ

 

နေပြည်တော်   ဩဂုတ်   ၁၆
ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျေးရွာ သုံးရွာမှ ဒေသခံပြည်သူ ၆၀ ကျော် ကို ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး သွားခဲ့ကြောင်း     သတင်းတု၊ သတင်းအမှားများကို  တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရ သည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း ပြောကြားချက်အရ   လုံခြုံရေး တပ်ဖွဲ့ဝင်များက ဩဂုတ် ၁၅ ရက် တွင် ဂွမြို့နယ်တွင်း သောင်းကျန်း သူများ    စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောင့်     လုပ်ငန်းများ မလုပ်ဆောင်နိုင်စေရေး   လိုအပ် သော နယ်မြေလုံခြုံရေးလုပ်ငန်း များ    ပုံမှန်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့်  ဒေသခံပြည်သူများ ကို   အဓမ္မခြိမ်းခြောက်ဖမ်းဆီး ခေါ်ဆောင်ခြင်းများ လုပ်ဆောင်မှု မရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များနှင့် အကြမ်းဖက်သမားများ သည် နယ်မြေလုံခြုံရေးဆောင် ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် ပြည်သူများအထင် အမြင်လွဲမှားစေရန်အတွက် လုံခြုံ ရေးဆောင်ရွက်ရာ    နေရာဒေသ များအနီးရှိ    ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခြင်းနှင့်  ပြည်သူများကို ဖမ်းဆီးခြင်းစသည့် လှုံ့ဆော်ဝါဒ ဖြန့်သတင်းမှားများဖြင့်   အများ ပြည်သူ  စိုးရိမ်ထိတ်လန့်လာစေ ပြီး    ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ  ဖြစ်ကြောင်း သတင်းရရှိသည်။       
သတင်းစဉ်