
မိုင်းယောင်း ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ စား သောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များ အားလုံးသည် ဇူလိုင် ၄ ရက်မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွား ရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အသိပေး ညွှန်ကြား ထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ မျိုးရိုးဗီဇပြောင်းဟု သုံးသပ်ရသော ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများမှာ တစ်ဟုန်ထိုး မြင့်တက်လျက်ရှိပြီး ရောဂါ ဆင့်ပွားကူးစက် ခံရသူများထဲတွင် လက်ဖက်ရည်ဆိုင်နှင့် စား သောက်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူ အရေအတွက်မှာလည်း များစွာ ပါဝင်လာကြောင်း စိစစ်တွေ့ရှိရသဖြင့် မိုင်း ယောင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက် ခြင်းများ မရှိစေရေးနှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် ညွှန်ကြားခြင်းဖြစ်သည်။
ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိမရှိနှင့် ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို မြို့နယ်အတွင်းမှ ဌာနဆိုင်များပါဝင် သော စစ်ဆေးရေးအဖွဲ့က အထူးကြပ်မတ်၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုက်နာမှုမရှိ ပါက ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
အားချာ