ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်များအတွင်းရှိ မြို့များ၌ နှာခေါင်းစည်းများ သွားရောက်ပေးဝေလှူဒါန်း

 

နေပြည်တော်   ဇူလိုင်   ၄


အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ   Coronavirus   Disease 2019   (COVID-19) ရောဂါ ကာကွယ်ရေး   အထောက်အကူ ဖြစ်စေရန်အတွက်   ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် ခရိုင် ရေကြည်မြို့၊ မြောင်းမြခရိုင် ဝါးခယ်မမြို့၊ မအူပင်ခရိုင် ဓနုဖြူ မြို့နှင့် ညောင်တုန်းမြို့၊ ဖျာပုံခရိုင် မော်လမြိုင်ကျွန်းနှင့် ဘိုကလေး မြို့များရှိ  လူစည်ကားရာဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်၊  တပ်နယ်အသီးသီးမှ    နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်    ကျန်းမာရေး ဝန်ထမ်းများက    နှာခေါင်းစည်း  ၉၈၀၀ ကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက်       အခမဲ့ သွားရောက်ပေးဝေ       လှူဒါန်းခဲ့ ကြကြောင်း သတင်းရရှိသည်။      


သတင်းစဉ်