တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

 

နေပြည်တော်  ဇူလိုင်  ၄


ပြည်သူလူထုအတွက်    အဓိက အကျဆုံးဖြစ်သော   ကျန်းမာရေး ကဏ္ဍ        မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများဖြင့်  ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့်  ယာယီ ကုသရေးဆေးရုံများ၌ ကျန်းမာ ရေး စောင့်ရှောက်မှုများကို နေ့ည မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၅၆၂၆  ဦးနှင့် အတွင်းလူနာပေါင်း ၇၇၁၅၂   ဦး တို့ကို ကုသပေးနိုင်ခဲ့သည်။


ယင်းလူနာများအနက် အကြီး စား ခွဲစိတ်ကုသရန်    လိုအပ်သူ ၁၂၃၂၆  ဦး၊ အသေးစားခွဲစိတ်ကုသ ရန်လိုအပ်သူ ၆၄၉၉ ဦး၊ စုစုပေါင်း ၁၈၈၂၅  ဦးတို့ကို   ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည့်အပြင်  စိုးရိမ်ဖွယ်ရာ ရှိသည့် လူနာများကိုလည်း  ပါရဂူ များ၊ ဆေးမှူးများဖြင့်      အထူး ကြပ်မတ်ကုသပေးလျက်ရှိသည်။ 


ထို့ပြင်    ကလေးမီးဖွားလူနာ ၆၂၃၃ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၈၇၇ ဦးကို သာမန်ဖြင့်  လည်း ကောင်း   မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၁၅၁၁၀ ကို အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏    ကျန်းမာရေး ကဏ္ဍ မြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်