
နေပြည်တော် ဇူလိုင် ၃
၂၀၂၁ ခုနှစ် (၉၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သမဝါယမဦးစီး ဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဗဟို သမဝါယမအသင်းလီမိတက်မှ နာယကနှင့်ဥက္ကဋ္ဌ၊ သမဝါယမတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အသင်းစုချုပ်ဥက္ကဋ္ဌများက Video Conferencing ဖြင့်ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်၌ ပါဝင်သည့်“ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး”ဆိုသည့် ဦးတည်ချက် နှင့်အညီ သမဝါယမအသင်းများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေး သမဝါယမအသင်းများအနေဖြင့် ထုတ်ကုန်ပစ္စည်း များကို ဈေးကွက်ဝယ်လိုအားတစ်ရပ် ဖြစ်ပေါ် လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ သမဝါယမအသင်းများ၏ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းအတွက်လည်း ပံ့ပိုးငွေ ငွေကျပ် သန်း ၂၆၃၃၀ ဒသမ ၅၇၃ ဖြင့် လယ်မြေဧက ၈၉၆၃၃ ဒသမ ၆၀ ဧကကို စိုက်ပျိုးရာသီအချိန်မီ ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရပါ ကြောင်း၊ သွင်းအားစုပံ့ပိုးခြင်း အနေဖြင့်လည်း မြေဩဇာ ၁၄၃၆၈၅ အိတ်၊ မျိုး ၅၆၅ အိတ်၊ ပိုးသတ် ဆေး ၂၉၅၁၂ အိတ်၊ တန်ဖိုးအားဖြင့် ၄၇၀၈ ဒသမ ၆၀၃ သန်းကို ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊ လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှုသမဝါယမအသင်း ၁၆၂ သင်းမှလည်း ရိတ်သိမ်း ခြွေလှေ့စက် ၁၁၄ စီး၊ ထွန်စက်ကြီး ၄၅၂ စီး၊ အခြားစက် ကိရိယာ ၆၄ စီး တို့ဖြင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများအတွက် လယ်ယာဝန်ဆောင်မှုများ ပေးနိုင်ခဲ့ပါကြောင်း။
ပြောကြား
အသင်းသားပြည်သူ ၄ ဒသမ၂ သန်းဖြင့် ဖွဲ့စည်း ထားသည့် သမဝါယမအသင်းပေါင်း သုံးသောင်း ကိုးထောင်ကျော်၏ ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် သမဝါယမအသင်းများ၊ အသင်းသားများအနေဖြင့် ခေတ်စနစ်နှင့် လျော်ညီသည့်အတွေးသစ် ၊ အမြင်သစ် များနှင့် တီထွင်ကြံဆကာ ပိုမိုတိုးတက်ကောင်းမွန် သည့် အသင်းများဖြစ်လာအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုသမဝါယမအသင်းလီမီတက် ဥက္ကဋ္ဌ ဦးအောင်ဖြူက အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှပေးပို့သည့် သဝဏ်လွှာကို ဗဟိုသမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတိုးနန္ဒာတင်က ဖတ်ကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုမှတ်တမ်းတင် Video Clip ကို ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြ သူများက အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှု ကြသည်။
သတင်းစဉ်