ပြင်သစ်ကလပ် မာဆေးလ်အသင်းသည် မန်ယူအသင်းမှ တောင်ပံတိုက်စစ်ကစားသမား မေဆင် ဂရင်းဝုဒ် ကို ပြောင်းရွှေ့ကြေး ပေါင် ၂၆ ဒသမ ၆ သန်းဖြင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရ သည်။
အသက် ၂၂ နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမားသည် မန်ယူအကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အသင်းအတွက် ကစားထားရခြင်း မရှိသေးပေ။ ၎င်းသည် ပြီးခဲ့သည့် ရာသီတွင် ဂီတာဖေးအသင်းတွင် အငှားကစားခဲ့သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်တွင် အိုးထရက်ဖို့ဒ် ၌ လူစားဝင်ကစားသမားအဖြစ် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့သည်။ အသင်းအတွက် ပြိုင်ပွဲပေါင်း ၁၂၉ ပွဲ ပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူပေးထားနိုင်သည်။
လိုင်လီခံစစ်ကစားသမား ရိုယို ကို မန်ယူအသင်း ခေါ်ယူ
မန်ယူအသင်းသည် လိုင်လီ အသင်းမှ ပြင်သစ်ခံစစ်ကစား သမား ရိုယို ကို ပေါင် ၅၂ ဒသမ ၁၈ သန်းဖြင့် ၂၀၂၉ ခုနှစ်အထိ စာချုပ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အသက် ၁၈ နှစ်အရွယ် ကစားသမားသည် အိုးထရက်ဖို့ဒ်၌ နောက်ထပ်တစ် နှစ်သက်တမ်းတိုးခွင့်အပါအဝင် ငါးနှစ်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီ ၌ လိုင်လီအသင်းတွင် ၃၂ ပွဲပါဝင် ကစားထားပြီး နှစ်ဂိုးသွင်းကာ အသင်းကို အဆင့် (၄) ဖြင့် ရာသီ ပိတ်သိမ်းနိုင်အောင် ကူညီပေး ထားနိုင်သည်။
မိုးဇက် - စုစည်းသည်



