ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့၌ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့သည့်အဆောက်အအုံများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်  ၃


ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်  ကယားပြည်နယ်တို့၌   ဆူပူဆန္ဒပြမှုများနှင့်  အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုများကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဆောက် အအုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်များတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။


အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များ ၌ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့်      ဌာနဆိုင်ရာ   တာဝန်ရှိသူများ ပူးပေါင်း၍ အဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း နှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ    ယနေ့အထိ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက် အအုံတစ်လုံး၊   ဌာနဆိုင်ရာအဆောက်အအုံ  ၄၀၊ နေအိမ် ၁၆ လုံး၊ ဖယ်ခုံမြို့နယ်နှင့်  မိုးဗြဲမြို့နယ်အတွင်း ရှိ ဌာနဆိုင်ရာအဆောက်အအုံတစ်လုံးနှင့် နေအိမ် ၂၃ လုံးတို့ကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့သည်။


ထို့ပြင် အဆိုပါမြို့နယ်များအတွင်း ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင်    အသုံးပြုရန် အတွက် ဘိလပ်မြေအိတ် ၂၆၀၀၊ သွပ် အချပ် ၁၂၂၀ နှင့် အုတ် ၆၆၀၀ တို့ကို  နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်