စိတ်ဓာတ်ကောင်းလျှင်အောင်ပွဲဆင် … ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက်

Type

 

မိုး​ကေနိုင်

 

အာဇာနည်နေ့အခါသမယရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို ယခင်ထက် ပိုအမှတ်ရမိ၊ သတိတရဖြစ်မိသည်။ ကလေးဘဝကတည်းက မစိမ်းခဲ့သည့် အာဇာနည်နေ့၊  လူတိုင်း၏ရင်ထဲတွင် ရှိနှင့်ပြီးသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရင်ထဲ နှလုံးသားထဲ အမြဲရှိသော်လည်း ဗိုလ်ချုပ်တို့   မျှော်လင့်ခဲ့ဖူးသော  မျှော်လင့်ချက်များ ဖြစ်လာခဲ့ပြီလား၊ နိုင်ငံရေး၊  စစ်ရေးမျိုးဆက်အသီးသီးက လက်ဆင့်ကမ်းသယ်ယူ၊  ကြိုးစားပမ်းစား ထိန်းသိမ်းကာကွယ်ခဲ့ကြပေမယ့် လိုချင်သည့်ရည်မှန်းချက် ရောက်လိုသည့်ပန်းတိုင်ကော ရောက်ပြီလား၊ ပြန်လည်ဆန်းစစ်ရလျှင် အဝေးမှာ ကျန်ရစ်ဆဲ၊ တိုးတက်မှုတစ်လှည့် ဆုတ်ယုတ်မှု တစ်လှည့်မျှသာ...။
နိုင်ငံတော်၊ ပြည်သူ၊  တိုင်းရင်းသားတို့၏ ဆန္ဒများနှင့် တစ်ထပ်တည်းမကျခဲ့
အရင်းစစ်တော့  တိုင်းပြည်မှာ  စည်းလုံးမှုမရှိ၊ ညီညွတ်မှုမရှိသည့်ကြားထဲမှ   ပြည်တွင်း  ပြည်ပ ဖိအားမျိုးစုံအောက်မှာ နိုင်ငံအချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးမဆုံးရှုံးရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ ဘေးကင်းလုံခြုံရေးသာမက    တစ်ဦးချင်း   ဝင်ငွေ တိုးအောင်နှင့် နိုင်ငံစားနပ်ရိက္ခာဖူလုံအောင် မနည်း ကြိုးပမ်းဆောင်ရွက်ပေးနေရသည်။  နိုင်ငံကို ပါတီစုံ ဒီမိုကရေစီနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသားတို့ အတွက် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ် အကူးအပြောင်း ကိုလည်း ပုံဖော်နေရသည်။ အပြောင်းအလဲတိုင်းမှာ စိန်ခေါ်မှုက ကြမ်းတမ်းသည်ဆိုသော်လည်း မြန်မာ ပြည် အလှည့်အပြောင်းက ဘယ်ခေတ်ဘယ်အခါနှင့် မှမတူ စိန်ခေါ်ချက်များကား ပြင်းထန်ဆိုးရွားလှသည်။
ထွက်ပေါက်က နိုင်ငံရေးနည်းလမ်းတစ်ခုတည်း ဆိုပေမယ့်  စစ်ရေးနည်းလမ်းကို ပညာမဲ့ရွေးချယ် ခဲ့ကြသူများကိုလည်း       အံ့သြစွာတွေ့ရသည်။ တစ်ဖက်က   ညီညွတ်ရေးကို  အ​မြော်အမြင်ဖြင့် တွင်တွင်လက်ကိုင်ထားသော်လည်း       အခြား တစ်ဖက်က ညီညွတ်ရေးကို အသိမဲ့စွာ ပစ်ပယ်ထား သည်ကို တွေ့ရသည်။ ရိုးသားပြီး အ​မြော်အမြင်ရှိ သည့်   တိုင်းရင်းသားတို့က  စည်းစည်းလုံးလုံးနှင့် တစ်သွေးတည်း၊   တစ်သားတည်း  နေလိုကြသော် လည်း သူတို့ကမူ အများတိုးတက်လိုသည့်အရေးကို မျက်ကွယ်ပြုကာ ပြည်ထောင်စုကြီးပြိုကွဲအောင်၊  အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးရလေအောင် မနားတမ်းဖျက်ဆီးနေကြဆဲဖြစ်သည်။
ဗိုလ်ချုပ်တို့ခေတ်ကလို   တိုင်းပြည်အတွက်၊ ငါတို့လူမျိုးအတွက်ဆိုသည့်        ပေးဆပ်ရဲသည့် တိုင်းရင်းသားခေါင်းဆောင်မျိုးများ၊ အခွင့်အလမ်း ကောင်းကို ယူတတ်သည့် တိုင်းရင်းသားခေါင်းဆောင် များ ဤဘက်ခေတ်မှာ မရှိကြတော့ပေ။ မိမိတစ်ဦး ချင်း၊    မိမိမိသားစု    မိမိအလွမ်းသင့်ရာလူတစ်စု လူမျိုးစုတစ်စုကောင်းစားဖို့ရာအတွက်သာ ဖြစ်နေ ကြတော့သည်။
အင်အားကို ဘက်စုံတည်ဆောက်နေရသော ကာလကြီးမှာ များစွာလေ့လာနိုင်မှသာ
 ကမ္ဘာကြီးနှင့်ယှဉ်၍ မြင်လို့ရသည်၊၊ ယခင်က အမေရိကန်ဦးဆောင်သည့်    ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ။    ယခုတော့   အမေရိကန်သည်ပင် သူ့အတ္တ၊  သူ့နိုင်ငံ၊ သူ့အစိုးရ ၊ သူ့ပါတီ အကျိုးစီးပွား သက်သက်ဖြစ်နေသည်ကို   သတိပြုသင့်သည်။ ပထဝီစီးပွားရေး၊ ပထဝီနိုင်ငံရေးများအပေါ် အခြေခံ ပြီး အကျိုးတူရာအချင်းချင်း ပေါင်းဖက်လာကြသည့် ခေတ်ဝယ် နိုင်ငံငယ်လေးများကို အင်အားကြီးများ က ဝင်ရောက်စွက်ဖက်ပြီး အမျိုးမျိုးခြယ်လှယ်မှု ပြုကြသည့် အခြေအနေရောက်နေသည်။ အင်အား ကြီးများ ဖန်တီးသည့် ကိုယ်စားပြုစစ်ပွဲများသည် ဒေသအနှံ့ပျံ့နှံ့လာမည့်အနေအထား များစွာရှိလာ နေပြီဖြစ်သည်။
ထို့ကြောင့် ယခုလိုကာလတွင် နိုင်ငံအားလုံးမှာ အင်အားကို အကြီးအကျယ် တည်ဆောက်လာနေ ကြသည်။ အင်အားဆိုသည့်နေရာမှာ စစ်ရေးအပြင် စီးပွားရေးအင်အားလည်းပါသည်။   လူ့စွမ်းအား အရင်းအမြစ်ကလည်း   လျော့ကျသွားလို့မဖြစ်၊ အင်အားကို ဘက်စုံတိုးမြှင့် တည်ဆောက်နေရသော ကာလကြီးထဲ ရောက်နေကြရသည်။ ယခင် ဗိုလ်ချုပ် တို့ခေတ်က   လူငယ်နိုင်ငံရေးသမားတော်တော် များများက   ပညာ၏  တန်ဖိုးကိုသိပြီး   ပညာကို အစွမ်းကုန်သင်ယူကြသည်။     တိုင်းတစ်ပါး လက်အောက် ကျွန်သပေါက်ဘဝမှာ ဘဝနာခဲ့ကြ၍ ဖြစ်သည်။ ထို့ကြောင့် စာများများဖတ်ပြီး ပညာကို ရအောင်သင်ယူကာ ပြည်တွင်း ပြည်ပအခြေအနေ များကို နှံ့စပ်အောင်လေ့လာခဲ့ကြပြီး နိုင်ငံတကာ အခြေအနေကိုကြည့်၍ ကိုယ့်နိုင်ငံအတွက် အကျိုး ရှိအောင် လိုအပ်သလို အသုံးချနိုင်ခဲ့ကြသည်။
သင်ယူရာတွင်လည်း ကိုလိုနီအရှင်သခင်များနှင့်အပြိုင်    ပညာကို  ကြိုးစားသင်ယူကြရခြင်း ဖြစ်သည်။   အဓိကဦးတည်ချက်က  မိမိလူမျိုးကို   သူ့ကျွန်ဘဝမှ လွတ်မြောက်အောင်နှင့် ကိုယ့်နိုင်ငံလွတ်လပ်ရေးရအောင်ဖြစ်သည်။  ထို့အတွက်  မရ ရသည့်နည်းဖြင့် လွတ်လပ်ရေးကို အရယူရန် မိမိတို့ ၏  စဉ်းစားပုံ၊  တွေးခေါ်ပုံတွေကိုပါ ပြောင်းလဲနိုင်စွမ်း   ရှိခဲ့ကြခြင်းကိုမူ  အသိအမှတ်ပြုရမည်ဖြစ်သည်။
 ရိုးသားမှုအရင်းခံ၍
ယုံကြည်မှုနှင့် နားလည်မှု ခြံရံနိုင်မှသာ
 အယူမှန်၍ အမြင်ပါမှန်သည့်အခါ တွေးပုံခေါ်ပုံ မှအစ ရိုးသားဖြောင့်မတ်နိုင်ခဲ့ကြသည်။ ရိုးသားမှု ဟူသည် မှန်တာကိုသာ လုပ်တတ်ပြီး မမှန်တာဆို ရှောင်မည်ဟူ၍    မကောင်းတာ၊   မမှန်တာကို ဘယ်တော့မှမလုပ်ခြင်း ဖြစ်သည်။ တိုင်းရင်းသား အားလုံး   လွတ်လပ်ရေးအတွက်  လုပ်ခြင်းသည် တရားသည်၊ နိုင်ငံလွတ်မြောက်ရေး တစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် နယ်ချဲ့ကို တော်လှန်ခြင်းသည်    မှန်ကန်သည်၊၊   မှန်ကန်၍ လည်း      တိုင်းရင်းသားပြည်သူ   တစ်ရပ်လုံးက ထောက်ခံခဲ့ခြင်းဖြစ်ပြီး လူထု၊ လူတန်းစားအသီးသီး အကြား၊   ပါတီများအကြား   တိုင်းရင်းသားများ အကြား  ရရှိခဲ့သည့် အပြန်အလှန်နားလည်ပေးနိုင်မှု နှင့်  ယုံကြည်မှုပေးနိုင်စွမ်း  စသည့်အရည်အချင်း များသည် ရိုးသားမှုကို အခြေခံနိုင်ခဲ့၍သာဖြစ်သည် ကို တွေ့ရသည်။
ကိုယ့်အတွက်ထက်   အများအတွက်၊    နိုင်ငံ အတွက် ပေးဆပ်မည်ဆိုသည့် ခံယူချက်ကို အခြေခံ ပြီး တရားမျှတမှုနှင့် တစ်နိုင်ငံလုံး တိုင်းရင်းသား အားလုံး    လွတ်လပ်ရေးအတွက်   လိုအပ်လျှင် အသက်ပါပေးဆပ်မည်ဆိုသည့်     စိတ်ဓာတ်မျိုး၊ တစ်နည်းအားဖြင့်   မျိုးချစ်စိတ်ကို  အခြေခံသည့် အာဇာနည်ပီသမှု၊    ထိုမျိုးချစ်စိတ်ကို အခြေခံပြီး တိုင်းရင်းသားအားလုံးညီညွတ်မှ     လွတ်လပ်ရေး ရမည်ဆိုတော့လည်း တိုင်းရင်းသားတွေ ပါလာအောင် စည်းရုံးနိုင်ခဲ့ကြသည်ကို တွေ့ရသည်။ ထိုစည်းလုံးမှု ကပင် ပြည်ထောင်စုစိတ်ဓာတ်ကို မွေးဖွားပေးခဲ့ပြီး ထိုမှတစ်ဆင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည့် သင်ခန်းစာတစ်ခုသည်ပင် အနှစ်ဖြစ်သည်။
ထိုခေတ်ထိုအခါက    တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်များသည်    စည်းလုံးညီညွတ်မှုမရှိ၍ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့်အဖြစ်ကို       သိရှိပြီး စည်းလုံးညီညွတ်ခြင်း၏    တန်ဖိုးကို   ကောင်းစွာ နားလည်သဘောပေါက်ခဲ့ကြ၍သာ လွတ်လပ်ရေး ကို အရယူပေးခဲ့ကြခြင်းဖြစ်သည်။ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ            အမွေပေးခဲ့သော ထိုပြည်ထောင်စုစိတ်ဓာတ်ကြောင့်ပင် နိုင်ငံ၏ အချုပ် အခြာမှာ ယနေ့အထိ တည်မြဲနေခြင်းလည်းဖြစ်သည်။
လှေလှော်ရင်းတက်ကျိုးဆိုသလို
ကြားထဲက ကာကွယ်စောင့်ရှောက်နေရ
သို့သော် ယနေ့အခြေအနေမှာတော့ အားလုံး အသိပင်ဖြစ်သည်၊၊ လှေလှော်ရင်း တက်ကျိုးဆိုသလို နိုင်ငံရေးခရီးလမ်းကား ကြမ်းတမ်းဆဲ၊  ဆွမ်းခံရင်း ငှက်သင့်ဆဲဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်နှင့် အချုပ်အခြာအာဏာကို  မကျိုးမပဲ့ ခိုင်မာအောင် မနည်းကြိုးစားထိန်းသိမ်းနေရသည်၊၊     အဓိက အင်စတီကျူးရှင်းကတော့ တပ်မတော်ပင်ဖြစ်သည်။ လွတ်လပ်ရေး    ကြိုးပမ်းစဉ်ကာလကတည်းက ပြည်သူကိုဦးဆောင်ခဲ့သူများသည်  ကျောင်းသား ဘဝ၊  သခင်ဘဝမှသည် တပ်မတော်ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်အဆင့်များအထိ တက်လှမ်းခဲ့ သူများဖြစ်ခဲ့ကြသည်။ သခင်အောင်ဆန်း နိုင်ငံရေး သမားဘဝမှသည် ဗိုလ်ချုပ်အောင်ဆန်း တပ်မတော် သားဘဝ တပ်မတော်၏  ဖခင်အဖြစ်   လူထုနှင့် တပ်မတော်ကိုဦးဆောင်ပြီး အသက်ကိုစတေး၍ လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ အထင်ရှားဆုံး သာဓကဖြစ်ပါသည်။
အသက်သွေးချွေးများစွာစတေးပြီးမှ ရယူခဲ့ရ သည့်   ထိုလွတ်လပ်ရေးနှင့်  အချုပ်အခြာ  ထပ်မံ မဆုံးရှုံးရန် တပ်မတော်ကပင် ခေတ်အဆက်ဆက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နေရဆဲဖြစ်သည်။
မြန်မာ့သမိုင်းမှာ ထင်ရှားရှိခဲ့သည့် ညီညွတ်မှုကို ပျက်စီးစေသည့်    အကွဲအပြဲများ၊   ဂိုဏ်းဂဏ အာဃာတနှင့် ဖရိုဖရဲသာဓကအဖြစ်အပျက်များကို အတိတ်ကာလ လွတ်လပ်ရေးဖခင်များက ကောင်းစွာ နမူနာယူပြီးနောက်   လူထုကို  စည်းရုံးလှုံ့ဆော်၍ အောင်မြင်မှုရယူနိုင်ခဲ့သည့်      အတွေ့အကြုံနှင့် သင်ခန်းစာများ   များစွာရှိပါသည်။  သင်ခန်းစာတို့ အတွေ့အကြုံတို့ဟူသည်   ထုတ်ယူသုံးစွဲမှုအပေါ် မူတည်၍ တန်ဖိုးခြားနားချက်ရှိပါသည်။ ပညာရှိသူ နှင့် မရှိသူ၊  စေတနာရှိသူနှင့်မရှိသူအကြား၊ ငြိမ်းချမ်း လိုသူနှင့်   အဖျက်သမားအကြား  ကွာခြားချက်က သင်ခန်းစာကို   ယူတတ်မှုနှင့် မယူတတ်မှု၊  အတွေ့ အကြုံကို ထုတ်ယူအသုံးချတတ်မှု မတတ်မှုအပေါ် တွင်     များစွာကွာဟသွားသည်ကို   ယနေ့ခေတ် မျက်မှောက်နိုင်ငံရေးအခြေအနေများက ပြနေသည်။ ထိုအချက်ကို ယနေ့ခေတ်လူငယ်များ ကောင်းစွာ သိစေလိုပါသည်။
စိတ်ဓာတ်ကောင်းလျှင် အောင်ပွဲဆင်မူ၍ အရာရာစိတ်ဓာတ်ကောင်းကြမှသာ
အရာရာစိတ်ဓာတ်ကသာ  ဦးဆောင်ပါသည်။ စိတ်ဓာတ်ကောင်းနေက ဘာလုပ်လုပ် အောင်ပွဲဆင် နိုင်မည်သာဖြစ်သည်။    စိတ်ဓာတ်မကောင်း၍ ကတော့ ဘာမှအဆင်မပြေ၊ ရေတိုအတွက်တော့ ဖြစ်ချင်ဖြစ်နိုင်မည်။ မကောင်းသည့်စိတ်ဓာတ်ကို အခြေခံ၍ လုပ်ဆောင်နေသမျှ ဘယ်ခေတ်ရောက် ရောက် ဘယ်စနစ်ကျင့်သုံးသည်ဖြစ်ပါစေ ရေရှည် မှာတော့    ကျဆုံးသည်သာများသည်။   ရိုးသား ဖြောင့်မတ်မှု၊ သစ္စာရှိမှု ၊ အမြော်အမြင်ရှိမှု၊  မှန်ကန် သည့် အရာအတွက် မိမိအသက်ခန္ဓာကိုပင် ပေးဆပ် မှု    အသာစံထက်    အနာခံစိတ်ဓာတ်ဟူသော အာဇာနည်ပီသမှုနှင့်   အာဇာနည်ဟု    သတ်မှတ် ထိုက်သူများတွင်    စိတ်ဓာတ်သည်သာ   အခရာ ဖြစ်သည်။ ထိုထိုသော ပေတံများဖြင့်သာ အာဇာနည် ပီသမှုကို    တိုင်းတာမည်ဆိုလျှင်   လွတ်လပ်ရေး ကြိုးပမ်းမှုခေတ် နောက်ပိုင်းရရှိပြီးသော လွတ်လပ် ရေးနှင့်     အချုပ်အခြာ   ထပ်မံမဆုံးရှုံးစေရန် လည်းကောင်း၊    ပြည်ထောင်စုကြီး   မပြိုကွဲရန်နှင့်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေး     မပြိုကွဲရန် လည်းကောင်း      အသက်ခန္ဓာပေးဆပ်ခဲ့ကြသူ အာဇာနည်ဂုဏ်ထိုက်သူ နိုင်ငံသားကောင်းများစွာ ကျွန်တော်တို့ နိုင်ငံတွင် ရှိခဲ့ကြ၊  ရှိကြဆဲဖြစ်သည်ကို လည်း မမေ့လျော့သင့်ပါပေ။
စိတ်ဓာတ်ကရှေ့ဆောင်မှုနှင့်အတူ ကောင်းမွန် သော လုပ်ဆောင်ချက်များကို မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းမှ အချို့သောလူငယ်ခေါင်းဆောင် များ၊ အချို့သော သခင်နိုင်ငံရေးခေါင်းဆောင်များနှင့်  အချို့သော      တပ်မတော်ခေါင်းဆောင်များ၏ စိတ်ဓာတ်နှင့် လုပ်ရပ်များက သက်သေပြခဲ့ကြပြီးဖြစ်သည်ဆိုသောအချက်ကို လေ့လာသုံးသပ်နိုင် ပါသည်။
 စိတ်ဓာတ်ကောင်းလျှင် အောင်ပွဲဆင်ဟု ဆိုကြ သည်။ စိတ်ဓာတ်ကောင်းကောင်းဖြင့် လုပ်မှသာ တစ်ဦးချင်းဆိုလျှင်   မိမိတို့ဘဝပန်းတိုင်၊  နိုင်ငံ အတွက်ဆိုလျှင် အမျိုးသားရေးရည်မှန်းချက်များ လိုရာခရီးရောက်ပါသည်။ လက်ရှိနိုင်ငံအခြေအနေ အရ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် စိတ်ဓာတ် ကောင်းမွန်ဖို့က အလွန်အရေးပါနေသည်။ တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊  လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့မှသာ ပြည်သူအပေါင်း စိတ်ဝမ်းနှလုံးချမ်းမြေ့နိုင်ကြမည်ဖြစ်၍    တစ်ဦးချင်းကိုယ်စီ လုံခြုံရေးအသိ        လုံခြုံရေးသတိရှိမှုဟူသည် ကောင်းမွန်သောစိတ်ဓာတ်တွင်သာ အခြေခံသည် ဟု ယူဆပါသည်။
မိမိအတွက်    လုံခြုံမှုရှိခြင်းသည်   အများ ဘေးကင်းလုံခြုံရေးကိုလည်း အထောက်အကူပြု သည်ဖြစ်၍ မိမိကစ၍ ကောင်းနေလျှင် ပတ်ဝန်းကျင် လည်း ကောင်းလာမည်ဖြစ်ပြီး လူ့အဖွဲ့အစည်းလည်း သာယာဝပြောမှုရှိလာပါမည်၊ စိတ်ဓာတ်ကောင်း လျှင် အရာရာအားကောင်းလာမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံမှာကဏ္ဍအလိုက် ပါဝင် သက်ဆိုင်သူအားလုံး၏  စိတ်ဓာတ်နှင့်  ခံယူချက် စေတနာသည် ပြည်သူပြည်သားများ၏ စားရေရိက္ခာ ဖူလုံပေါများရေး၊   နေရေးထိုင်ရေး  ထိုမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအထိ      များစွာ အထောက်အကူပြုနေပါကြောင်း      တင်ပြလိုပါ သည်။
အချုပ်အားဖြင့် အာဇာနည်နေ့ဝန်းကျင်ပေးလို သည့် သတင်းစကားအများစုမှာ ယနေ့လူငယ်များ အတွက်က     အဓိကဖြစ်သည်။   ကိုလိုနီဘဝ လွတ်မြောက်ရေးကာလ     ခေါင်းဆောင်များ၏ လွတ်လပ်ရေးသည်   ပထမ၊    လွတ်လပ်ရေးသည် ဒုတိယ၊  လွတ်လပ်ရေးသည်သာ  တတိယဟူသော ခိုင်မာသောယုံကြည်ချက်နှင့်ယှဉ်သော မယိမ်းမယိုင် ကြိုးပမ်းမှုများကို လေ့လာသုံးသပ်စေလိုပါသည်။ မငြိမ်းချမ်းခြင်း၏အကျိုးဆက်နှင့် လွတ်လပ်ရေး၏ အရသာ ဘယ်လိုကွဲပြားပါသလဲ၊ ယနေ့အချိန်အခါမှာ ဘာကြောင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးက ပို၍ အရေးကြီးနေပါသလဲ၊ ဘယ်လိုအဓိကအကြောင်း တရားတွေက  လွတ်လပ်ရေးကို ဆုံးရှုံးနိုင်စေသလဲ နားလည်ရန် လိုအပ်သည်ဟု ယူဆပါသည်။
ပညာနှင့်    စေတနာ    အရေးပါပုံကိုလည်း ဖော်ထုတ်ပြီး အပြုသမားနှင့် အဖျက်သမားကိုလည်း ကောင်းစွာခွဲခြားတတ်ရန်လည်း   လိုပါလိမ့်မည်။ ထို့ကြောင့်လည်း ထိုထိုသော အကြောင်းအချက်များ နှင့်ထပ်တူ ကျွန်တော်တို့အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး   ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ငြိမ်ရေးသည် ပထမ၊ ငြိမ်းချမ်းရေး သည် ဒုတိယ၊ ညီညွတ်ရေးသည် တတိယဟုခံယူပြီး စိတ်ဓာတ်ကောင်းကောင်းဖြင့် အရာရာအောင်ပွဲဆင် နိုင်အောင် ကြိုးပမ်းကြပါစို့ဟူ၍သာ ရေးသားဖော်ပြ လိုက်ရပါသည်။        ။