
ရန်ကုန် ဇူလိုင် ၃
ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးကောင်း မွန်စေရေးအတွက် အင်္ဂလိပ်စာ သင်တန်းကို ရန်ကုန်တိုင်းဒေသ ကြီးရုံး သင်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ဖွင့်လှစ် ပေးခဲ့သည်။
အခမ်းအနားတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ရုပ်ရှင်မြှင့်တင်ရေးဌာန ခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့် က အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးခင် မောင်အေးက သင်တန်းတွင် သင်ကြားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အင်္ဂလိပ်စာသင်တန်း ကို ဇူလိုင် ၃ ရက်မှစ၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရုံးတက် ချိန်မထိခိုက်စေဘဲ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်သည်။ အင်္ဂလိပ်စာ သင်တန်းတွင် Vocabulary Building, Commu-nication Grammar, Reading Comprehension, Translation ဘာသာရပ်များ သင်ကြားပို့ချမည် ဖြစ်သည်။
အင်္ဂလိပ်စာ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်း ၁၈ ဦး တက်ရောက်သည်။ အင်္ဂလိပ်စာ သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ သင်တန်းသားများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက် သန့်စင်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင် ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်