
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သတင်းနှင့် လုံခြုံရေးဆိုင်ရာဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင် ကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်ကို ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။