
အားလုံးမင်္ဂလာပါ -
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊ မြန်မာအမျိုး သမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါတယ်။
ယနေ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများအားလုံး အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ မြန်မာအမျိုးသမီး များနေ့မှာ မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ပြောကြားလို ပါတယ်။
အမျိုးသမီးများနေ့နဲ့ပတ်သက်လို့ မကြာသေးမီ က မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ကို မြန်မာနိုင်ငံမှာ လည်း အခြားနိုင်ငံများနည်းတူ ကျင်းပခဲ့ပါတယ်။ ဒါကတော့ ၂၀ ရာစုအစောပိုင်းမှာ အမျိုးသမီးများရဲ့ အခွင့်အရေးများကို တောင်းဆိုခဲ့ကြရာမှအစပြုပြီး ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်မျှရှိတဲ့ အမျိုးသမီး ထုကြီးကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ နေ့တစ်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက တရားဝင်အသိအမှတ်ပြုပြီး ကျင်းပပေးခြင်းဖြစ် ပါတယ်။
မြန်မာအမျိုးသမီးများနေ့ကတော့ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့ အဖြစ် နိုင်ငံတော်က သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်လည်ကြည့် မယ်ဆိုရင် မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းနယ်ပယ်အသီးသီးမှာ မြန်မာ အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ပေါင်တန်း ပြီး လွတ်လပ်တက်ကြွစွာ ပါဝင်စွမ်းဆောင်ခဲ့တဲ့ အစဉ်အလာကောင်းများရှိခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလ တစ်လျှောက်လုံးမှာလည်း လွတ်လပ်ရေးအတွက် အမျိုးသားများနဲ့တန်းတူ လက်နက်စွဲကိုင် တိုက်ပွဲဝင် ခဲ့ကြတဲ့ အမျိုးသားရေးလှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးခေါင်းဆောင်တွေဟာ မြန်မာအမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်ယူမဆုံး ဖြစ်ရ တဲ့ သမိုင်းမှတ်ကျောက်တွေပဲ ဖြစ်ပါတယ်။
လက်ရှိမျက်မှောက်ကာလမှာလည်း မြန်မာ နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်အသီးသီးမှာ ခေတ်အဆက်ဆက် ကြီးမား လေးနက်တဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုး သမီးတွေဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုတွေ မှာ ဦးဆောင်နေကြတာ တွေ့ရပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကဏ္ဍအသီးသီးအတွက် ဖွဲ့စည်းထားတဲ့ ကော်မရှင်နဲ့ ကော်မတီများ မှာ အမျိုးသမီးများပါဝင်နေတာကို တွေ့ရှိရမှာ ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးကဏ္ဍမှာလည်း အမျိုးသမီးတွေပါ ပါဝင်ထမ်းရွက်နေကြပြီဖြစ် ပါတယ်။
ဒါ့ကြောင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများနဲ့ အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ ကာကွယ်ရေး၊ လုံခြုံရေးစတဲ့ နယ်ပယ်အသီးသီးမှာ ပေါ်ထွက်ခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုး သမီးတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့အတူ မြန်မာအမျိုး သမီးထုအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုသော အားဖြင့် မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ် ပြီး အခုလို နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပ ဂုဏ်ပြုရခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက်ထားမှုအရ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ရှိ ခန့်မှန်းလူဦးရေ စုစုပေါင်း (၅၅.၁) သန်းခန့်ဟု သိရပါတယ်။အမျိုးသား ဦးရေ (၂၆.၄) သန်းခန့်နှင့် အမျိုးသမီးဦးရေ (၂၈.၇) သန်းခန့်ကို ခန့်မှန်းခဲ့တာကြောင့် အမျိုးသမီးပါဝင်မှု လူဦးရေမှာ (၅၂.၁၃) ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံ့လူဦးရေ ရဲ့ ထက်ဝက်ကျော်ရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဦးတည်ချက်များ အကောင် အထည်ဖော်ဖို့၊ နိုင်ငံတစ်ဝန်းလုံးတစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ဖို့၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့စတဲ့ လုပ်ငန်းရပ်တွေ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ဆိုရင် အမျိုးသမီးတွေရဲ့ စွမ်းအားနဲ့ စွမ်းဆောင်မှုတွေဟာ အလွန်အရေးကြီးကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကဏ္ဍပေါင်းစုံမှ အမျိုးသမီးတွေပါဝင်နိုင်ဖို့ အခွင့်အလမ်းပေါင်းစုံနဲ့ တန်းတူညီမျှ လုပ်ဆောင်ရေးကို အကောင်အထည် ဖော် ဆောင်ရွက်နေတာဖြစ်ကြောင်း ပြောကြားလို ပါတယ်။
နိုင်ငံတော်ရဲ့ အဓိကစွမ်းအားစုကြီးဖြစ်တဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တစ်ဆင့် ထက်တစ်ဆင့် မြင့်မားတိုးတက်စေဖို့၊ ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေ တန်းတူညီမျှရရှိစေဖို့အတွက် ၁၉၉၅ ခုနှစ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်း မြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးများညီလာခံက အတည်ပြုချမှတ်ခဲ့တဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍကြီး (၁၂) ရပ်ပါဝင်တဲ့ ဘေဂျင်းကြေညာစာတမ်း (Beijing Declaration)နဲ့ ဘေဂျင်းလုပ်ငန်း စီမံချက်၊ ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All forms of Discrimina-tion Against Women-CEDAW)၊ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ(Sustainable Development Goals-SDGs) စတဲ့ နိုင်ငံတကာအဆင့် ကတိကဝတ် ပြုထားမှုတွေကိုလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနဲ့အညီ အကောင်အထည် ဖော်လျက် ရှိပါတယ်။
အဲ့ဒီလို အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာအမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားရေး နဲ့ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရေး ဦးဆောင်လမ်းညွှန် ဆောင်ရွက်သွားဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံတော်အဆင့်လုပ်ငန်း ယန္တရားဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။
နယ်ပယ်ရပ်အားလုံးမှာ အမျိုးသမီးများ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရေးအတွက် အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ဦးစားပေး လုပ်ငန်း နယ်ပယ် (၁၂) ရပ်ကို အခြေခံပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)နဲ့လည်း ချိတ်ဆက် အကောင်အထည်ဖော်လျက်ရှိပါတယ်။
အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်း ဖက်မှုမှ ကြိုတင်ကာကွယ်ရန်နဲ့ စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) ရေးဆွဲ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
မိမိတို့အနေနဲ့ မြန်မာအမျိုးသမီးထုကြီး တစ်ရပ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရှေ့ပိုင်းမှာ ပြောကြားခဲ့တဲ့ ပုံမှန်လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်လျက်ရှိသလို လက်ရှိအချိန်ကာလလို ကမ္ဘာ့ကပ် ရောဂါ COVID- 19 ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရာမှာလည်း အမျိုးသမီး များနဲ့ သက်ဆိုင်တဲ့အခန်းကဏ္ဍကို နောက်ကျန်မနေ စေဖို့ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan-CERP) ကို ရေးဆွဲအကောင်အထည်ဖော်မှုတွေမှာလည်း ကျား၊ မ တန်းတူ ညီမျှမှုရရှိရေး နဲ့ ငယ်ရွယ်သူများအပါအဝင် အမျိုးသမီးများ အားလုံး စွမ်းပကား တိုးမြှင့်စေရေးဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားထားကြောင်းကိုလည်း အသိပေး ပြောကြားလိုပါတယ်။
ဒါ့ကြောင့် ကျား၊ မ ရေးရာတန်းတူညီမျှမှုနဲ့ ကျေးလက်မြို့ပြ ကွာဟချက်နည်းပြီး ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ကာ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ် စောင့်ရှောက် ရေးစနစ်များ၊လူမှုရေးရာဝန်ဆောင်မှုများနဲ့ လုပ်ထုံး လုပ်နည်းများကို ဆက်လက်ဖော်ထုတ်ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့
- အမျိုးသမီးများရဲ့ လူမှုဘဝဖွံ့ဖြိုးရေး၊ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ၊ စီမံချက်များဆောင်ရွက်ရာမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အားလုံးဝိုင်းဝန်း အကောင် အထည်ဖော်ဆောင်ပေးကြပါ။
- ဒီလိုအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ် ကြစေဖို့ နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့ အစည်း၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူများနဲ့ အမျိုးသမီးထုကြီးကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါ။
- မြန်မာအမျိုးသမီးများသည် အမျိုးသား တွေနဲ့ ရင်ပေါင်တန်းပြီး ကဏ္ဍစုံမှာ ပါဝင် ဆောင်ရွက်နိုင်ဖို့ အမျိုးသမီးတိုင်း စာတတ် မြောက်ရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေး၊ ဗဟု သုတ လေ့လာပြည့်စုံစေရေး၊ ကိုယ်ရည် ကိုယ်သွေးပြည့်ဝရေးကို ကြိုးပမ်းအားထုတ် ကြပါ။
- ခေတ်အဆက်ဆက်က စွမ်းရည်ထက်မြက် ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှု တွေကို လေးစားဂုဏ်ယူ အားကျအတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးတွေရဲ့ ဘဝ လုံခြုံမှုနဲ့ စွမ်းရည်မြင့်မားရေးကို ဦးတည် ကြိုးပမ်း အားထုတ်ပေးကြပါလို့ အလေး အနက် တိုက်တွန်းမှာကြားအပ်ပါတယ်။
စွမ်းဆောင်ရည်ပြည့်ဝတဲ့ မြန်မာအမျိုးသမီးများ တိုးပွားသည်ထက်တိုးပွားပြီး နိုင်ငံနဲ့လူမျိုးအကျိုးကို မြင့်မားသည်ထက် မြင့်မားရလေအောင် ဆောင်ရွက် နိုင်ကြပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ