
နေပြည်တော် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေရှည်စဉ်ဆက်မပြတ် ငါးသယံ ဇာတများဖွံ့ဖြိုးတိုးတက်စေရေး၊ လူတစ်ဦးချင်း ငါးစားသုံးမှု တိုးတက်စေရေးနှင့် ကျေးလက် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ဇွန် ၂၉ ရက်က မအူပင်မြို့နယ် မလတ်တိုကျေးရွာ အုပ်စု တပွတ္တနောင်ကြီး ရေထိန်း တံခါးမှ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးအေးလွင်၊ မအူပင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့် ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရေ လုပ်သားများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တလုပ်လှ ငါးလုပ်ငန်းစခန်းနှင့် အောင်ဟိတ် ငါးလုပ်ငန်းစခန်းတို့မှ ငါးမြစ်ချင်း နှစ်လက်မအရွယ် ငါးသား ပေါက်ကောင်ရေ ၆၀၀၀၀၀ ကို တပွတ္တနောင်ကြီးရေထိန်းတံခါး မှ သဘာဝရေပြင်အတွင်းသို့ စုပေါင်းပြီးငါးမျိုး စိုက်ထည့် ကြောင်း သိရသည်။
သတင်းစဉ်