ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovichနှင့် တွေ့ဆုံမေးမြန်းခြင်း

 

ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich နှင့် တွေ့ဆုံမေးမြန်းထားပါသည်။ အဆိုပါ တွေ့ဆုံမေးမြန်းမှုနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်-

 

မေး    ။    ။    ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး
            အသင်းရဲ့   လက်ရှိဆောင်ရွက်နေတဲ့  လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး သိရှိလိုပါတယ်။


ဖြေ    ။    ။    ပထမဦးစွာ အလေးပေးပြောကြားလိုတာက ချစ်ကြည်ရေး             ဆိုတာထက်  ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောလိုပါ တယ်။    ကျွန်တော်တို့ အသင်းအဖွဲ့ဝင်များဟာ ရုရှားဖက်ဒရေးရှင်း နိုင်ငံအတွင်းက   စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး  မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းများမှာ     တက်ကြွစွာ     အတူတကွအလုပ် လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြလျက်ရှိပါတယ်။


မြန်မာနိုင်ငံရဲ့  သမိုင်းကြောင်းနဲ့ ရုရှားနိုင်ငံတို့အကြား ဆက်ဆံ ရေး၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာ စသည်တို့ကို ရုရှား စီးပွားရေး လုပ်ငန်းရှင်များသိရှိအောင်  ကျယ်ပြန့်တဲ့သတင်းကွန်ရက် တည်ဆောက်ဖို့အတွက်  သတင်းအချက်အလက်များစွာကို  ဖော်ထုတ် ရရှိဖို့လိုပါတယ်။


မေး    ။    ။    ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု            တွေအနေနဲ့   ဘယ်ကဏ္ဍတွေမှာ  အများဆုံးရှိနေပါလဲ။ အနာဂတ်မှာလည်း  ဘယ်ကဏ္ဍတွေမှာ ထပ်မံတိုးချဲ့ဆောင်ရွက်သွား ဖို့ရှိပါသလဲ။


ဖြေ    ။    ။    လက်ရှိအချိန်မှာတော့    ရုရှားနဲ့   မြန်မာနိုင်ငံတို့အကြား             ကြီးမားတဲ့  ရင်းနှီးမြှုပ်နှံမှုမရှိသေးပါဘူး။ သို့သော်လည်း ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေးရဲ့ ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့  ပညာရေးကဏ္ဍပဲဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကစပြီး  ရုရှားနိုင်ငံရဲ့   အဆင့်မြင့်    အထူးပြုဘာသာရပ်တွေကို မြန်မာနိုင်ငံက    ပညာတော်သင်အမြောက်အမြားဟာ  လာရောက် သင်ယူခဲ့ပြီးဖြစ်ပါတယ်။ အားလုံးထဲမှာ ပညာရေးနယ်ပယ်ဟာ အပြန် အလှန်အကျိုးသက်ရောက်မှု  အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှ အရည် အချင်းပြည့်မီတဲ့    ပညာတော်သင်များဟာ  သင်ယူတတ်မြောက်ပြီး ဖြစ်ပါတယ်။  ၎င်းပညာတော်သင်များဟာ နှစ်နိုင်ငံစလုံးရဲ့   အကျိုး အတွက် အဓိက အသုံးချရမည့် ခိုင်မာတဲ့ အင်စတီကျူးရှင်းတစ်ရပ် ဖြစ်ပါတယ်။


ဒါ့အပြင်  ရေနံနဲ့   သဘာဝဓာတ်ငွေ့လုပ်ငန်းများမှ   အစပြုပြီး မည်သည့်စက်မှုလုပ်ငန်းတွင်မဆို ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်း ရလိုပါတယ်။ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သင်္ဘော တည်ဆောက်ရေး၊   မီးသတ်ကိရိယာများ  ထုတ်လုပ်ခြင်း၊  မြစ်နှင့် ပင်လယ်ဆိပ်ကမ်းများ ပြန်လည်တည်ဆောက်ခြင်း၊ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊  သတ္တုတူးဖော်ရေးနှင့်   အခြားစက်မှုကဏ္ဍများမှာ လည်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါတယ်။


မေး    ။    ။    ရုရှား- မြန်မာ စီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု စင်တာ             တွေ  တည်ဆောက်ပြီး  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တွေ    လုပ်သွားဖို့ရှိကြောင်း  ဆွေးနွေးပြောခဲ့ပြီးတာတွေ ရှိပါတယ်။ ဘယ်အဆင့်ထိ  ဆောင်ရွက်ပြီးစီးပါပြီလဲ။ ဘယ်လိုစီးပွားရေးလုပ်ငန်း တွေမှာ ပူးပေါင်းဆောင်ရွက်နေပါသလဲ။


ဖြေ    ။    ။    ၂၀၁၄ ခုနှစ်ကစပြီး ရန်ကုန်မြို့မှာ “Golden Ring” အမည်             နဲ့ ရုရှား- မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စင်တာတစ်ခု ဆောက်လုပ်ဖို့ မြေနေရာရရှိနိုင်ရေး ကြိုးစားခဲ့ပါတယ်။ အဲ့ဒီစင်တာမှာ ရုံးခန်းနဲ့ လူနေအိမ် အဆောက်အဦများ၊ ပညာရေးနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်ရေးနဲ့  ပြခန်းများအပါအဝင် အခြားကဏ္ဍ များအတွက် ဘက်စုံစင်တာတစ်ခုဖြစ်ဖို့ရည်ရွယ်ပါတယ်။ ဒါပေမယ့် အခုချိန်အထိတော့    မြန်မာနိုင်ငံဘက်က  အကြောင်းပြန်ချက်ကို စောင့်ဆိုင်းနေတဲ့အနေအထားပဲ  ရှိပါသေးတယ်။


မေး    ။    ။    မြန်မာနိုင်ငံရဲ့   စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်             ကဏ္ဍတွေမှာ   အဓိကထား  ဆောင်ရွက်ဖို့  လိုအပ်တယ်လို့ အကြံပြုချင်ပါသလဲ။


ဖြေ    ။    ။    ဒီမေးခွန်းကို ကျွမ်းကျင်ပညာရှင်များကို မေးတာပိုကောင်း             မယ်ထင်ပါတယ်။   ကျွန်တော့်အမြင်ကို  ပြောရရင်တော့ ဦးစားပေးလုပ်ငန်းတွေအနေနဲ့   စွမ်းအင်နဲ့    သယ်ယူပို့ဆောင်ရေး ကွန်ရက်၊ သတ္တုဓာတ်ထုတ်ယူခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်း နှင့်  အိုင်တီနည်းပညာကဏ္ဍတွေ ဖြစ်ပါတယ်။ အဆိုပါကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားတက္ကသိုလ်များမှာ လေ့ကျင့်သင်ကြားခဲ့တဲ့ မြန်မာနိုင်ငံက အထူးကျွမ်းကျင်သူများကို အသုံးပြုခြင်းဖြင့် တိုင်းပြည် ရဲ့ ဘတ်ဂျက်အတွက်    အပိုဝင်ငွေများ  ရရှိစေမှာ     ဖြစ်ပါတယ်။ ခေတ်မီ     သတ္တုသန့်စင်စက်ရုံ   တစ်ရုံတည်ဆောက်ခြင်းဖြင့် နိုင်ငံ ဘဏ္ဍာများ  တိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။     ကျွန်တော်တို့ အနေနဲ့ အဆိုပါ လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ဖို့   အသင့်ပြင်ဆင် ထားပါတယ်။


ဒီနေရာမှာ    ဖြေရှင်းရန်လိုအပ်တဲ့  ပြဿနာတစ်ခုကတော့ ကျွန်တော်တို့   နိုင်ငံများအကြား ဘဏ္ဍာရေးယန္တရားကို မှန်ကန်စွာ တည်ဆောက်နိုင်ရန်  လိုအပ်ပါတယ်။    ကျွန်တော်တို့အနေနဲ့ ကျွမ်းကျင်တဲ့  စီးပွားရေးပညာရှင် အဖွဲ့များနဲ့အတူ     အဆိုပါ ပြဿနာနဲ့  ပတ်သက်ပြီး   အဆိုပြုချက်များကို ပြင်ဆင်ထားရှိကာ ပွင့်လင်းစွာ     ဆွေးနွေးနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။


မေး    ။    ။    ရုရှားနိုင်ငံဟာ   မြန်မာနိုင်ငံရဲ့   ပညာရေး၊   ယဉ်ကျေးမှု၊             စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေး၊ ယဉ်ကျေးမှု    စတဲ့ကဏ္ဍ တွေမှာ   ကူညီပူးပေါင်းဆောင်ရွက်နေတာတွေလည်း    ရှိပါတယ်။ အနာဂတ်မှာ    ဘယ်ကဏ္ဍတွေမှာ   အဓိကထား    ကူညီပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါသလဲ။  အသင်းအနေနဲ့လည်း ဘယ်လိုတွေ  ကူညီဆောင်ရွက်ပေးသွားဖို့  ရှိပါသလဲ။


ဖြေ    ။    ။    အားလုံးသိပြီးဖြစ်တဲ့အတိုင်း   နှစ်နိုင်ငံ  ခရီးသွားလုပ်ငန်း             ကဏ္ဍမှာ    ဖွံ့ဖြိုးတိုးတက်ဖို့  လိုပါတယ်။  အဲ့ဒီအတွက်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။     ပညာရေးကဏ္ဍ   ပူးပေါင်း ဆောင်ရွက်မှုကတော့ အရှိန်အဟုန်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားဖို့ လိုပါတယ်။  လက်ရှိအချိန်မှာ  ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အထူးကျွမ်းကျင်သူ အမြောက်အမြားကို မွေးထုတ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ ရုရှားနဲ့မြန်မာ ပူးတွဲတက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရေး    အကြံပြုတင်ပြလိုပါတယ်။   ဥပမာ - မော်စကို တက္ကသိုလ်နဲ့   ရန်ကုန်တက္ကသိုလ်တို့  ပူးပေါင်းကာ နေပြည်တော် သို့မဟုတ် မန္တလေးမြို့မှာ ပူးတွဲတက္ကသိုလ်ဖွင့်လှစ်ပြီး ခေတ်မီပညာများ သင်ကြားပေးရန်  ဆောင်ရွက်ခြင်းဖြင့်  အနာဂတ်လူငယ်များ ခေတ်မီ ပညာရပ်များကို   လေ့လာသင်ယူနိုင်မှာ  ဖြစ်ပါတယ်။ ယဉ်ကျေးမှု နယ်ပယ်ကဏ္ဍမှာတော့ နိုင်ငံတကာမှာ ကျယ်ပြန့်စွာကျင့်သုံးလျက်ရှိတဲ့ ဥပမာကိုယူပြီး  ရုရှားနိုင်ငံမှာ “မြန်မာနှစ်” ပွဲတော်နှင့် မြန်မာနိုင်ငံမှာ “ရုရှားနှစ်”  ပွဲတော်များ   ကျင်းပခြင်းများ    ဆောင်ရွက်နိုင်ပါတယ်။ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေယာဉ် ပျံများ   တိုက်ရိုက်ပျံသန်းပြေးဆွဲမှု   ပြုလုပ်ရန်  ညှိနှိုင်းဖို့လိုပါတယ်။ ဗီဇာအပြန်အလှန်ကင်းလွတ်ခွင့် ညှိနှိုင်းဖို့ လိုပါတယ်။


မေး    ။    ။    ရုရှား - မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ အနေနဲ့လည်း             ရုရှားနိုင်ငံရဲ့  နိုင်ငံရေးစာစောင်တစ်ခုဖြစ်တဲ့ (၁၁၈)ကြိမ် မြောက်ထုတ်ဝေတဲ့ Politics Magazine မှာ “ တောင့်တင်းခိုင်မာသော တပ်မတော်သည်   အမိမြေအေးချမ်းသာယာရေး၏  အာမခံချက် ဖြစ်သည်” ဆိုတဲ့ဆောင်းပါးကို  ရေးသားထားတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့  မြန်မာ့တပ်မတော်အပေါ်အမြင်ကို ခုလိုအခွင့်အခါကြုံတဲ့အချိန်မှာ ပြောပြပေးစေလိုပါတယ်။


ဖြေ    ။    ။    ကျွန်တော်ဟာ    ၁၉၇၈-  ၇၉ ခုနှစ်များအတွင်း    ရန်ကုန်             တက္ကသိုလ်၊   နိုင်ငံခြားဘာသာရပ်ဌာနမှာ မြန်မာဘာသာ သင်ယူခဲ့ပြီး ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ နိုင်ငံကို ကြိမ်ဖန်များစွာ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အံ့သြဖွယ်ကောင်းတဲ့    တိုင်းပြည်ဖြစ်ပြီး   မြန်မာလူမျိုးများဟာ ချစ်ကြည်ရင်းနှီးတတ်ပြီး  အံ့သြစရာကောင်းလောက်အောင်  ဖော်ရွေ ပျူငှာပါတယ်။   မြန်မာနိုင်ငံကို   ကျွန်တော်နဲ့အတူ ရောက်ဖူးတဲ့   အခြား    ရုရှားနိုင်ငံသားအားလုံးကလည်း  မိတ်ဆွေအပေါင်းအသင်း များ   အလယ်ရောက်ရှိနေသလို အမြဲတမ်း     ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့    ချစ်ကြည်ရင်းနှီးမှုဟာ  ရင်ထဲကလာတဲ့ ဟန်ဆောင် မှုကင်းတဲ့      ရင်းနှီးချစ်ခင်မှုလို့ ယုံကြည်ပါတယ်။   ကျွန်တော်တို့ အနေနဲ့  နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်မှုရဖို့  တစ်ယောက်နဲ့ တစ်ယောက်ကူညီ   ကြိုးစားကြရ မှာ ဖြစ်ပါတယ်။


မြန်မာ့တပ်မတော်နဲ့     ပတ်သက်ပြီး     ပြောရမည်ဆိုရင် တပ်မတော်ဟာ   ပြည်သူလူထုရဲ့   အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ တပ်မတော်ဟာ     တိုင်းပြည်ကို ပြည်ပကျူးကျော်မှု  ကာကွယ်ရန် နဲ့  ပြည်ပကျူးကျော်စစ်အတွက် ပြည်တွင်းအင်အားစုများကို စုစည်း တည်ဆောက်ရန်ဖြစ်ပြီး   ပြည်တွင်းရေးကို   ဝင်ရောက်စွက်ဖက်မှု မပြုရဘူးလို့    ယေဘုယျသတ်မှတ်ထားပေမယ့်   စကားပုံတစ်ခုကို  ဥပမာ   ပြောရမည်ဆိုလျှင် “ မိမိတပ်မတော်ကိုမှ   မထောက်ပံ့ လိုသောတိုင်းပြည်သည်    အခြားတပ်မတော်တစ်ခု၏ နှိပ်စက်ခြင်းကို  ခံရမည်”  ဆိုတဲ့အတိုင်း တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်လို့ သဘောပေါက်ယုံကြည်ပါတယ်။


မေး    ။    ။    ဆောင်းပါးအရဆို  မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအပါအဝင်             မြန်မာနိုင်ငံရဲ့အကြောင်းကို အတော်လေးလေ့လာသိမြင် ထားတာတွေ့ရပါတယ်။ ဒါကြောင့်   လက်ရှိနိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လုပ်ဆောင် ချက်တွေအပေါ် သဘောထားအမြင်ကို သိလိုပါတယ်။


ဖြေ    ။    ။    ပထမဦးစွာ   ပြောလိုတာကတော့   ကျွန်တော်တို့   အဖွဲ့             အစည်းဟာ  နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်း မဟုတ်ပါဘူး။ လူမှုရေးဆိုင်ရာ  အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတာ အလေးထား ပြောကြားလိုပါတယ်။  ရုရှားနိုင်ငံ အကြီးအကဲများနဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနတို့အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေးနက် သိမ်မွေ့တဲ့    အခြေအနေနဲ့ပတ်သက်ပြီး  မြန်မာပြည်သူတွေရဲ့ အကျိုး စီးပွားကို ရှေးရှုလျက် တည်ငြိမ်အေးချမ်းမှု ရအောင် ကူညီဆောင်ရွက် ပေးနိုင်လိမ့်မယ်လို့    ယုံကြည်ပါတယ်။   မြန်မာ့နိုင်ငံရေးမှာ  ပါဝင် ပတ်သက်နေသူအားလုံးရဲ့  ဆောင်ရွက်ချက်များဟာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနဲ့ ကိုက်ညီရပါမယ်။ အရေးကြီးဆုံး ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာများနဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့  သတင်းအချက်အလက်များအား  ပြည်သူလူထုထံ ပျံ့နှံ့စေပြီး သတင်းအမှားများနှင့် ကောလာဟလသတင်းများ မပျံ့နှံ့ စေရေး ကာကွယ်ဆောင်ရွက်သွားဖို့ လိုမှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ ရွေးကောက်ပွဲအသစ်များ ပြန်လည်ကျင်းပရန် ထုတ်ပြန်ကြေညာချက်ဟာ   မြန်မာနိုင်ငံငြိမ်းချမ်းရေး၊  ပြည်ထောင်စု မပြိုကွဲရေးနဲ့   အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးတို့အတွက် အခြေခံလိမ့်မယ်လို့  ယုံကြည်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုခွန်အားနဲ့  မြန်မာ့နိုင်ငံရေးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အမြန်ဆုံး ရရှိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်လျက်ရှိပါတယ်ခင်ဗျာ။


(ဆက်လက်ဖော်ပြပါမည်)