
ဒါကာ ဇွန် ၂၀
၂၀၂၁ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ် မှုကြောင့် အသက်ငါးနှစ်အောက်ကလေး ၁၉၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက မှတ်တမ်းတင်ထားကြောင်း နောက်ဆုံးထုတ် Global Air 2024 ၏ အစီရင်ခံစာအရ သိရသည်။ အဆိုပါအစီရင်ခံစာကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့နှင့် အမေရိကန်အခြေစိုက် ကျန်းမာ ရေးသုတေသန အဖွဲ့အစည်းတို့ပူးပေါင်းကာ ဇွန် ၁၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း လေထု ညစ်ညမ်းမှုကြောင့် ကလေးအပါအဝင် သေဆုံးသူ ပေါင်း ၂၃၅၀၀၀ ကျော်ရှိပြီး သိသာထင်ရှားသည့် အများပြည်သူကျန်းမာရေးအတွက် ခြိမ်းခြောက်မှု တစ်ခုဟု အလေးပေးဖော်ပြခဲ့သည်။ အသက် ငါးနှစ်အောက် ကလေးငယ်များမှာ လေထုညစ်ညမ်း မှု ထိခိုက်ခံစားရသူများဖြစ်ပြီး လမစေ့ဘဲမွေးဖွား ခြင်း၊ ပေါင်မပြည့်ခြင်း၊ ပန်းနာရင်ကျပ်နှင့် အဆုတ် ရောဂါတို့ခံစားရသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အရေးပေါ်ဖြေရှင်း မှုများပြုလုပ်ရန် ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့မှ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် ရှယ်ဒန်ယက် က ပြောသည်။ ယနေ့ခေတ်ကလေးများ၏ ကျန်းမာ ရေးအတွက်သာမက အနာဂတ်မျိုးဆက်အတွက် ပါ လေထုအရည်အသွေးကောင်းမွန်ရန် ရေရှည် တည်တံ့သည့် ဖြေရှင်းနည်းများဆောင်ရွက်ရမည် ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ဆင်ဟွာ