ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်   ဇွန်     ၇
ကမ္ဘောဒီးယားနိုင်ငံက   အိမ်ရှင် အဖြစ် ဆီရမ်မြို့၌ ဇွန်  ၆ ရက်မှ  ၇ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက်  အာဆီယံ သိပ္ပံ၊    နည်းပညာနှင့်   တီထွင် ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်  ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၅ ရက်က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ    ထွက်ခွာကြပြီး ကမ္ဘောဒီးယားနိုင်ငံသို့  ရောက်ရှိ ကြရာ ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံနည်းပညာနှင့်        တီထွင် ဆန်းသစ်မှုဝန်ကြီးဌာန အတွင်း ဝန်၊ ကမ္ဘောဒီးယားနိုင်ငံ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက Siem Reap မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဇွန် ၆ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံစက်မှု၊ သိပ္ပံ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီး H.E Dr. HEM Vanndy နှင့်တွေ့ဆုံ၍  နှစ်နိုင်ငံအကြား သိပ္ပံ၊   နည်းပညာနှင့်  တီထွင် ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက် ရန်ကိစ္စရပ်များကို  ဆွေးနွေးကြပြီး ညပိုင်းတွင်  ကမ္ဘောဒီးယားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်း သစ်မှုဝန်ကြီးက တည်ခင်းဧည့်ခံ သည့်  ညစာစားပွဲသို့  အာဆီယံ ဝန်ကြီးများနှင့်အတူ တက်ရောက် ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဇွန် ၇ ရက် နံနက်ပိုင်းတွင် Sofitel  Angkor   Resort  ၌ ကမ္ဘောဒီးယားနိုင်ငံ  ဝန်ကြီးချုပ် H.E Mr. HUN Manet နှင့် တွေ့ဆုံ ပွဲသို့   အာဆီယံဝန်ကြီးများနှင့် အတူ တက်ရောက်ပြီး အာဆီယံ ဒေသတွင်း သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ     ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးကိစ္စများကို       ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆက်လက်၍   အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာ နှင့်    တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်   အစည်းအဝေး ဖွင့်ပွဲအခမ်းအနား       ကျင်းပရာ အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီး H.E Dr. HEM Vanndy က ကြိုဆိုနှုတ်ခွန်းဆက်ပြောကြား ပြီး အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ် H.E Dr. Kao Kim Hourn က အမှာစကားပြောကြား ၍ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E  Mr.  HUN Manet  က အဖွင့် အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင်    အာဆီယံ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ      ဝန်ကြီးအဆင့် အစည်းအဝေးကို     ကျင်းပရာ အလှည့်ကျဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားပြီး နိုင်ငံအလိုက် AI နည်းပညာနှင့် အနာဂတ်ဆိုင်ရာ ကိစ္စရပ်များ     ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက    “AI Application  Navigating  the Future”   ခေါင်းစဉ်ဖြင့်   ပါဝင် ဆွေးနွေးခဲ့ပြီး   လက်ရှိပူးပေါင်းဆောင်ရွက်နေမှုနှင့်  ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး  ကိစ္စရပ် များကို ဆွေးနွေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    ကမ္ဘာ့ ယဉ်ကျေးမှုသမိုင်းဝင် အန်ကော ဝပ်ဘုရားကျောင်းသို့ သွားရောက် လေ့လာခဲ့ကြောင်းနှင့် အဖွဲ့ဝင် အဖြစ်လိုက်ပါလာသည့် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း သည် အာဆီယံသိပ္ပံ၊ နည်းပညာ နှင့်   တီထွင်ဆန်းသစ်မှုဆိုင်ရာ BAC-16,  COSTI-85  နှင့် အခြား ဆက်စပ်  အစည်းအဝေးများသို့       တက်ရောက်ခဲ့ကြောင်း   သတင်း ရရှိသည်။                  သတင်းစဉ်