
တောင်ကြီး ဇွန် ၆
ရှမ်းပြည်နယ် အစိုးရအဖွဲ့က ရှမ်းပြည်နယ် လွှတ်တော်ရုံးနှင့် တရားလွှတ်တော်ရုံး ဝန်ထမ်းများ အား ဆန်၊ ဆီပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၄ ရက် က ပြည်နယ်လွှတ်တော်ရုံး၌ ကျင်းပသည်။
ထောက်ပံ့ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် အောင်က ပြည်နယ်အတွင်း တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ သက်သာချောင်ချိ ရေးအတွက် ထောက်ပံ့ခြင်းဖြစ်ပြီး လိုအပ်ချက်များရှိပါက ပွင့်လင်း စွာ အကြံပြုဆွေးနွေးကြရန် ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များက ပြည်နယ်လွှတ်တော်နှင့် တရားလွှတ်တော်ရုံး ဝန်ထမ်းများ အား ဆန်၊ ဆီများ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ပြည်နယ် ဥပဒေရုံးသို့ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။ ဆက်လက်၍ ယဉ်ကျေးမှုစာကြည့် တိုက်သို့ သွားရောက်ပြီး မြန်မာ စာအုပ်၊ အင်္ဂလိပ်စာအုပ် မဂ္ဂဇင်း နှင့် ပေပုရပိုက်စာများ၊ ကက်တလောက်များ၊ ယဉ်ကျေးမှု ပြတိုက်များကို ကြည့်ရှုစစ်ဆေး ကာ စာကြည့်တိုက်အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ယင်းနောက် တောင်ကြီးမြို့ ညောင်ဖြူ စခန်းရပ်ကွက်ရှိ ရှမ်းရိုးမ ဘိုးဘွားရိပ်သာအား သွားရောက်ကာ ဘိုးဘွားများ ညစာသုံးဆောင်နေမှုကို ကြည့်ရှု အားပေးစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူ ငွေကျပ်သိန်း ၅၀ ပေးအပ်ခဲ့ ကြေင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)