ဘုတလင်မြို့နယ် စီပါကျေးရွာရှိ ဒေသခံပြည်သူ ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဇွန်  ၁
စစ်ကိုင်းတိုင်းဒေသကြီး   ဘုတလင်မြို့နယ်၌ နယ်မြေလုံခြုံရေး     ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  မေ  ၃၁ ရက်တွင် စီပါကျေးရွာအတွင်း  ဝင်ရောက်ခဲ့ပြီး  ဒေသခံ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို   တရားမဝင်ပြည်ဖျက် မီဒီယာများက  မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို  တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ   စီပါကျေးရွာနှင့်အနီး ဝန်းကျင်တွင်     လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ မေ ၃၁ ရက်တွင် အကြမ်းဖက်သမားများက အများ ပြည်သူအသုံးပြုလျက်ရှိသည့်   စီပါကျေးရွာ အနီးရှိလမ်းပေါ်တွင်  မိုင်းထောင်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ထွက်ပြေး သွားခဲ့သည်။ ထို့နောက် ပြည်သူများထိခိုက်မှု မရှိစေရန်အတွက်   အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက  စနစ်တကျရှင်းလင်း  ဆောင်ရွက် ပေးခဲ့သည်။ 
တရားမဝင်   ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်    အထင်အမြင် လွဲမှားစေရန်နှင့်   အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို         ဖုံးကွယ်ရန် အတွက်  လူမှုကွန်ရက်ပေါ်တွင်  သတင်းတု၊ သတင်းအမှားများကို      ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား   ဖြန့်ဝေနေခြင်းသာဖြစ်ပြီး အဆိုပါ   ကျေးရွာသားများကို   ဖမ်းဆီးခြင်း မရှိကြောင်း   လုံခြုံရေးတာဝန်ရှိသူ  တစ်ဦး၏ ပြောကြားချက်အရ  သိရသည်။       သတင်းစဉ်