၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဓမ္မသဘင် မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပ

 

နေပြည်တော်    မေ   ၂၂


၁၃၈၆ ခုနှစ်   ကဆုန်လပြည့်(ဗုဒ္ဓနေ့)    ဓမ္မသဘင် မင်္ဂလာအခမ်းအနားကို     ယနေ့     ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ  နေပြည်တော်  မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ     အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။
အခမ်းအနားသို့      နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာ ပိုင်   သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏   အဓိပတိ  အဘိဓဇမဟာရဋ္ဌဂုရု   အဂ္ဂမဟာပဏ္ဍိတ  မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ သီတဂူ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြွရောက်ချီးမြှင့်တော်မူ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏  ဇနီး   ဒေါ်ကြူကြူလှနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊   ကောင်စီဝင်များနှင့်ဇနီးများ၊   ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  အဆင့်မြင့်တပ်မတော်အရာကြီးများနှင့်  ဇနီးများ၊   နေပြည်တော်တိုင်း   စစ်ဌာနချုပ် တိုင်းမှူး၊    ဒုတိယဝန်ကြီးများ၊  တာဝန်ရှိသူများနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်နာယူ ကြည်ညို ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး   အမှူးပြုသော   ဧည့်ပရိသတ်များက   သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ရှစ်ပါး သီလခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ကြီး ဟောကြားတော်မူသည့်    ကဆုန်လပြည့်   (ဗုဒ္ဓနေ့) ဆိုင်ရာ    ဓမ္မကထာဒေသနာတော်ကို    ရိုသေလေး မြတ်စွာနာယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဓမ္မပူဇာအလှူ တော်ငွေများကို ပေးအပ်လှူဒါန်းရာ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကပ္ပိယကာရကအဖြစ် လက်ခံရယူ ပြီး သီတဂူဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ယင်းနောက်  သီတဂူဆရာတော်ကြီးထံမှ  အနု မောဒနာတရားနာယူ၍    လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်